Saturday 29 August 2015


PUB က Sewer Manhole တွေကိုစစ်ဖို့ အစီစဉ်ရှိတဲ့ အခါကျတော့ MH Top level တွေ finishing လုပ်ဖို့က လိုအပ်လာပြီလေ MH cover အထိပေါ့ တကယ်တော့ MH cover က road top level နဲ့ match ဖြစ်နေရမှာပါ ...အဲ့ဒါနဲ့ ကျနော့ ဆရာ PM (project manager) ကပြောတယ် မင်း သူတို့ကို road level ပေးလိုက်တဲ့ Road level ကပေးလို့ လွယ်ပါတယ် archi external drawing မှာ ရှိပြီးသားပါ....

Road နဲ့ ပါတ်သက်လို့ နဲနဲပြောချင်ပါတယ် ... ကျနော်တို့ HDB project တွေမှာ road ( service road လို့ပြောရင် ပိုမှန်ပါမယ် ဘာလို့လဲဆိုတော့ road ရဲ့အောက်မှာ underground services တွေရှိလို့ပါ) အဲ့ဒီ Service road တွေကို interlocking လို့ခေါ်တဲ့ concrete paving တွေခင်းရပါတယ် ဒါကတော့ HDB project ရဲ့ service road area တိုင်းမှာပါ သူ့ရဲ့ ခင်းပုံ စနစ်ကတော့ paving တွေမခင်းခင်မှာ road sub base level ကို hardcore လို့ခေါ်တဲ့ ကျောက်တုံး အကြီးစားခင်းရပါတယ် 450mm to 600 mm အထိ ထူပါတယ် ပြီးရင် compact လုပ်တယ်ပေါ့ အဲ့ sub base level ပြီးသွားရင်တော့ quarry dust လို့ခေါ်တဲ့ သဲကြမ်း ခင်းပါတယ် အထူကတော့ 50mm to 100 mm လောက်ရှိပါတယ် compact ထပ်လုပ်ပါတယ် ပြီးရင် level ထပ်ညှိပြီး လိုအပ်ရင် သဲ ထပ်ခင်းပြီးတော့မှ concrete paving ကို ခင်းတယ်ပေါ့ ...
Road level က ဘယ်လို အခြေနေလဲ..?
အမှန်တော့ Road level က ကျနော်တို့ residential block FFL ထက် 100mm ပိုနိမ့်ရပါတယ် ဥပမာ block FFL က 111.00 ဆိရင် road level က 110.90 ပါ... နောက်ထပ်တစ်ခုပြောစရာရှိပါတယ် ... Road ရဲ့ wide က 6m ကျယ်ပါတယ် ပြီးတော့ သူ့ရဲ့ တစ်ဖက် တစ်ချက်ဆီမှာ Box drain ရှိပါတယ် အဲဒါဆိုရင် road level က box drain ရှိတဲ့ ဘက်ကို 200mm စောင်းပေးရပါတယ် ဒါမှ drive way တောက်လျောက် မိုးရေက box drain ဆီကို စီးဆင်းမှာပါ ဒါဆိုရင် စောစောတုန်းက ပြောခဲ့တဲ့ road level 110.9 က box drain ရှိတဲ့ဖက်ကို 200mm နိမ့်ပေးရပါတယ် ဒါဆိုရင် 110.7 ရှိမှာဖြစ်ပါတယ်....
ဒါကတော့ road level အခြေနေလေးပါ .... စောစောတုန်းကပြောခဲ့သလိုပဲ road ရဲ့ အောက်မှာ services တွေရှိတယ်ပေါ့ အဲဒီထဲမှာ pub pipe တွေပါမယ် telecom MH တွေပါမယ် Sewer MH တွေ စသည်ဖြင့် ပါမယ်ပေါ့ အဲ့ဒီ chamber တွေကို inspection or control လုပ်ဖို့ အတွက် road top level မှာ removable cover တွေ တပ်ပေးရပါတယ် drive way ဆိုတော့ heavy duty cover တွေ တပ်ပေးရပါတယ် အဲဒီ cover တွေ က road top level နဲ့ match ဖြစ်ရပါတယ် .... ဒါဆိုရင် ပထမက ပြောခဲ့တဲ့ sewer MH cover အကြောင်းထပ်ပြောပါ့မယ် PUB က inspection လာရင် သူတို့က cover အထိကို စစ်ပါတယ် ... ဒါပေမယ့် တစ်ခုရှိတာက inspection လာတဲ့ အချိန်ထိ road က မပြီးသေးပါဘူး ... ကိုယ် က Subcon ကို level ပေးပြီး လုပ်ခိုင်းတယ် ဆိုပေမယ့် cover level က road level နဲ့ 100% match ဖြစ်လိမ့်မယ်လို့ ဘယ်သူမှ အပြောနိုင်ပါဘူး အဲ့ဒီတော့ Subcon ကို ပြန်ပြောရပါတယ် တကယ် လို့ interlocking ခင်းတဲ့ အချိန် မင်းတို့ cover က match မဖြစ်ခဲ့ဘူးဆိုရင် ပြန်ပြီး adjust လုပ်ဖို့ကို agreement လုပ်ရပါမယ် ... အတွေ့ကြုံရှိတဲ့ contractors တွေက ဒါကို မပြောလဲသိပါတယ် ....
ဒါလေးတွေက ကျနော့ သိသလောက် ဆိုက်ထဲ ဖြစ်ပေါ်နေတာလေးတွေ သိရအောင် မျှဝေချင်း သက်သက်ပါပဲ...ဖုန်းနဲ့ဆိုက်ထဲမှာ ရိုက်ရလို့ မျက်စိလဲ အီထွက်သွားကြောင်းပါ...
Win Ko Min

No comments:

Post a Comment