Monday 17 August 2015

M&E Services and Coordination (For Singapore HDB Project) Part 2.



M&E Services and Coordination (For Singapore HDB Project) Part 2.

အားလုံးပဲ မင်္ဂလာပါ အပိုင်း (၂) ကို ဆက်လိုက်ကြရအောင် အပိုင်း (၁) မှာတော့ Mechanical အကြောင်းကို Generally အနေဖြင့်ရေးပြီးဖြစ်ပါတယ်...အခု Electrical အကြောင်းကို ဆက်ပြောပါ့မယ်….

1)    Electrical System (Lighting & Power)
Electrical System မှာကတော့ သူ့ကို နှစ်ပိုင်းခွဲခြားထားပါတယ်… Lighting System နဲ့ Power System ဆိုပြီးတော့ ခွဲထားပါတယ် သူတို့ဟာ Different circuit အနေဖြင့် တည်ရှိနေပါတယ် Drawing ပိုင်းမှာဆိုရင်လဲ Power Drawing နဲ့ Lighting Drawing ဆိုပြီးတော့ခွဲခြားထားပါတယ် HDB Project တွေမှာကတော့ Apartment Unit (လူနေတိုက်ခန်း) တွေအတွက် Power & Lighting Drawings တွေက Standard အနေနဲ့ တည်ရှိပြီးသားပါ ဥပမာ..Living & Dining Room မှာ Lighting Point ဘယ် နှစ်ခု Power Point ဘယ်နှစ်ခုဆိုတာသတ်မှတ်ပြီးသားပါ အခန်းဖွဲ့စည်းပုံတွေကလဲ ပုံစံတူတွေများလှပါတယ် ဥပမာ 3Room, 4Room, 5Room ဆိုပြီးတော့ပေါ့… Common Area Electrical System ဆိုရင်လဲ ထို့ အတူပါပဲ ….သူတို့ရဲ့ Standard Drawing တွေက ဘယ်လိုပုံစံတွေဆိုတာ ကျနော် Electircal System Topic မှာရှင်းပြထားပေးပါ့မယ်…

2)    Fire Alarm System
Fire Alarm System ဆိုတာကတော့ မီးအန္တရယ် ကာကွယ်ရေး စနစ်တစ်ခုပါပဲ…ဒီစနစ်မှာတော့ Heat Detector, Smoke Detector, Manual Call Point, Alarm Bell, SAP (Sub Alarm Panel), MAP (Main Alarm Panel) စတဲ့ Devices တွေပါဝင်ပါတယ်….သူ့ရဲ့ အလုပ်လုပ်ပုံကတော့ Heat Detector တစ်ခုခုက Fire Signal တစ်ခုကို လက်ခံရလိုက်ပြီဆိုရင် အဲဒီ့ Signal ကို သက်ဆိုင်ရာ SAP ဆီကို ပို့ပေးပါတယ် SAP က Activated ဖြစ်သွားပြီး SAP ကနေတစ်ဆင့် MAP ဆီကို Signal လှမ်းပို့ပေးပါတယ် MAP က Signal ရရှိပြီးနောက်မှာတော့ သူကနေတစ်ဆင့် Fire Alarm Bell ဆီကို တစ်ဆင့်ပေးပို့ရပါတယ် Bell က အော်ပြီဆိုရင်တော့ တစ်နေရာရာ မီးလောင်တာသေချာပါပြီ….ပြီးတော့ ဒီ System မှာ Fire Sensing Signal ကို Lift Control Panel (TMS) ဆီကိုလဲ ပေးပို့ရပါတယ် Lift Panel ကနေ Fire Signal ကိုရရှိပြီးနောက်ပိုင်းမှာ Lift က Level တစ်ခုခုမှာ Homing (ရပ်တန့်သွားပါတယ်) ဥမာ ပထမထပ်မှာ မီးလောင်ပြီဆို Lift က Level 2 or 3 မှာ Homing ဖြစ်ပါတယ်….HDB Project တွေမှာကတော့ Fire Alarm System တွေကို MSCP တွေနဲ့ Shop Area တွေမှာ ထည့်သွင်းပေးထားပါတယ် …. သူ့ရဲ့ HDB Standard Drawing တွေကိုတော့  Fire Alarm System Topic မှာ အကျယ်ရှင်းပေးထားမှာ ဖြစ်ပါတယ်…..


3)    Lightning Protection System
Lightning Protection System ကတော့ မိုးကြိုးလွှဲ စနစ်တစ်ခုပါပဲ ဒီစနစ်ကတော့ ဘယ် Project မဆိုထည့်သွင်းထားရမှာဖြစ်ပါတယ် သူ့မှာ တော့ Down Conductor တွေ Surface Conductor Network တွေပါဝင်ပါတယ် Conductor ကိုတော့ Aluminum Tape နဲ့ Copper Tape တွေကို အသုံးပြုပါတယ် Aluminum Conductor ကိုတော့ Above Ground တွေမှာ အသုံးပြုပြီးတော့ Copper (Cu) Tape ကိုတော့ Underground တွေမှာအသုံးပြုပါတယ်…Building မှာရှိတဲ့ Metal Work တွေအားလုံးကို Conductor တွေနဲ့ Bonding (ချိတ်ဆက်) ပေးထားရပါတယ်…ဒီစနစ်အလုပ်လုပ်ပုံကတော့ မိုးကြိုးပစ်ပြီ ဆိုလျှင် Roof Level မှာရှိတဲ့ Lightning Arrester တွေကို လျှပ်စီးတွေစီးဝင်စေပြီး သက်ဆိုင်ရာ Down Conductor တွေက တစ်ဆင့် Ground Level မှာရှိတဲ့ Earth Pit ဆီကိုစီးဝင်စေပြီး အန္တရယ် ဖြစ်မှုမှ ကာကွယ်ပေးပါတယ်….အခု HDB Project တွေမှာ Aerial Surface Network ကိုပဲ Lightning Arrester အဖြစ် အသုံးပြုပါတယ် …HDB ရဲ့ Standard Drawing နဲ့ အသေးစိတ်ကိုတော့ ကျနော် Lightning Protection System Topic မှာရှင်းပြပေးထားမှာဖြစ်ပါတယ်…

4)    Telecommunication System ( Telecom & Data Services)
Telecommunication System ကို HDB Project တွေမှာ အပိုင်း ၃ ပိုင်းခွဲခြားထားပေးပါတယ် Telephone Services, Cable TV Services & Fiber Optic Services ဆိုပြီးခွဲခြားထားပေးပါတယ် HDB Project မှာ အဲဒီ System အတွက် Equipment တွေ Cabling တွေကို အဓိက Provide ပေးထားတာကတော့ Singtel (Telephone), StarHub (Cable TV) & NetLink Trust (Fiber Optic System) တို့ဖြစ်ပါတယ်…လူနေတိုက်ခန်းတွေမှာတော့ အဲဒီ System သုံးခုစလုံးကို Provide လုပ်ပေးထားရပါတယ် အသေးစိတ်ကိုတော့ Telecommunication System Topic မှာ ရှင်းပြပေးထားမှာဖြစ်ပါတယ်….

5)    Lift System
Lift System ကတော့ HDB ရဲ့ Direct Contract ပါ …. ကျနော်တို့ Main Contractor အနေနဲ့က သူ့ကို Electrical Power Supply ပေးရတယ် လိုအပ်တဲ့ Structure Opening တို့ Lift Panel Riser တို့ကိုလဲ Provide လုပ်ပေးရပါတယ် ပြီးတော့ Lift Tele Monitoring System အတွက် Telecom, Data, Fiber Optic cable နဲ့ Fire Sensor အတွက် Signal Cable နဲ့ Detector တို့ကိုပါ ထည့်သွင်းပေးရပါတယ်….တစ်ခြားလိုအပ်သည်များကိုလဲ ထောက်ပံ့ပေးရပါတယ်… Lift Drawing နဲ့ အသေးစိပ်ကိုတော့ Lift System Topic မှာ သွားရောက်ဖတ်ရှုစေလိုပါတယ်….

ကဲ အပိုင်း (၂) ကိုတော့ ဒီမှာပဲ ခဏရပ်နားထားပါ့မယ်….
လိုအပ်ချက်များ တစ်စုံတစ်ခုရှိခဲ့ရင် ကျနော့ရဲ့ အားနည်းချက်သာဖြစ်ပါကြောင်း…
Win Ko Min.

For Part 1 >> Read Here
For Part 3 >> Read Here
For Part 4 >> Read Here

No comments:

Post a Comment