Tuesday 25 December 2012

ACMV နဲ့ပတ်သက်လို့ အပိုင်း (၂)

       ကျနော် ဒီအပိုင်းလေးနဲ့ပတ်သက်လို့  Air Con အမျိုးအစားတွေဘယ်နှစ်မျိုး ရှိလဲဆိုတာကို မခွဲခြားခင်မှာ သူအလုပ်လုပ်ပုံလေးကို အကျဉ်းလေးဖြင့် ရှင်းပြလိုပါတယ် ကျနော်အရှင်းဆုံးပုံစံဖြင့်ပြောပြသွားပါ့မယ် ဘယ်လို Air conditioning မှာမဆို အဓိက အစိတ်ပိုင်းကြီး လေးပိုင်းပါဝင်ပါတယ် အဲဒီအစိတ်အပိုင်းမှာ Refrigerant ဆိုတဲ့ အေးစေနိုင်တဲ့ Gas ကို ဖြတ်ပြီးစီးဆင်းစေလိုက်ခြင်းအားဖြင့် Refrigerant Cycle ကိုဖြစ်ပေါ်စေပြီး အဲလိုကြိမ်ဖန်များစွား ဖြစ်ပေါ်စေခြင်းအားဖြင့် Room temperature ကို comfort ဖြစ်စေပါတယ် အဲဒီ cycle ဖြစ်ပေါ်စေနိုင်ဖို့အတွက် ပါဝင်တဲ့ အဓိက အစိတ်ပိုင်းကြီး လေးပိုင်းကတော့ ....

  1. Evaporator
  2. Compressor
  3. Condensor 
  4. Expansion Valve
တို့ပဲ ဖြစ်ပါတယ် ကျနော် အောက်မှာ ပုံလေးတွေနဲ့ပြပြီး အနည်းငယ် ပြောပြသွားမှာဖြစ်ပါတယ်....



           
   ပထမပုံကိုကြည့်ပါ Low Pressure side and high pressure side ဆိုပြီး နှစ်ပိုင်းပြထားတာတွေရပါလိမ့်မယ် အပြာရောင်လေးခြယ်ထားသည်က Low side ဖြစ်ပြီး အနီရောင်လေးနဲ့ခြယ်ထားသည့်အပိုင်းက High side ဖြစ်ပါတယ် Low side ဘက်မှာတော့ ကျနော်တို့ အိမ်ထဲမှာထည့်ထားတဲ့ Air con (Fan Coil Unit) လို့ခေါ်တဲ့ Evaporator တည်ရှိပြီးတော့ High side ဘက်မှာတော့ အိမ်အပြင်ဘက်မှာထားတဲ့ Condensing Unit (CU) ခေါ် Condensor တည်ရှိပါတယ် ကျန်တဲ့ နှစ်ခုဖြစ်တဲ့ Compressor နဲ့ Expension Valve တို့ကတော့ Low side နဲ့  High side ကို အကုးအပြောင်းလုပ်ပေးတဲ့ Pressure Changer နဲ့ Heat Changer လို့ သတ်မှတ်ပေးလို့ရပါတယ်ခင်ဗျာ....ဒါဆိုရင် အစဉ်တိုင်းသွားရအောင်ပေါ့.....
  1. Evaporator (or) Air con fan coil unit - သူကတော့ ကျနော်တို့ အိမ်ထဲမှာထားတဲ့ (အမှတ် ၃) ပုံမှာပြထားတဲ့ Internal Unit ဖြစ်ပါတယ်....သူ့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အပူတွေကိုစုပ်ပေးပြီး တော့ အေးမြအောင်လုပ်ပေးတဲ့ အရာပဲဖြစ်ပါတယ်.....ဘယ်လိုအပူတွေကိုစုပ်ပေးလဲ ဆိုတော့ Evaporator Coil ထဲမှာ အေးတဲ့ Gas (or) Refrigerant တွေကိုဖြတ်သန်းစီးဆင်းစေခြင်းအားဖြင့် အေးမြစေပါတယ် အဲလိုအေးမြဖို့  အဲဒိ internal unit ထဲမှာ blower  လို့ခေါ်တဲ့ Fan တစ်ခုလိုအပ်ပါတယ် သူကနေ အေးမြတဲ့ Evaporator coil ထဲက အေးမြတဲ့ Refrigerant တွေကို မှုတ်ထုတ်ပေးပါတယ် ....System အရပြောရမယ်ဆိုရင်တော့ ပုံ (၁) နဲ့ (၂) ကိုပြန်ကြည့်ပါ Expansion Valve ကနေထွက်လာတဲ့ Low pressure and cold temperature refrigerant liquid တွေက Evaporator coil ဆီကိုသွားနေတာတွေ့ရပါလိမ့်မယ် ဘာလို့  Low pressure ဖြစ်အောင်ထားရလဲ ဆိုရင် အပူစုပ်နိုင်မှုအားကောင်လို့ပါ ... အဲဒီ Low pressure and cold liquid တွေက Evaporator coil ထဲမှာ ဖြတ်သန်းစီးဆင်းသွားပြီးတော့  Blower ကနေ မှုတ်ထုတ်လိုက်မယ်ဆို အခန်းထဲကို အေးမြတဲ့ လေအေးတွေရောက်ရှိလာမှာဖြစ်ပါတယ် ဒါကို Supply Air လို့ခေါ်ပါတယ် လေအေးတွေကို ပို့ဆောင်ပေးတာပေါ့ အသွားရှိရင် အလာလဲ ရှိရမှာဖြစ်ပါတယ် ပို့ပြီးရင်ပြန်ရမယ်လေ လေအေးတွေကိုပို့ဆောင်ပေးလို့ အခန်းက အေးသွားပေမယ့် အခန်းထဲမှာရှိတဲ့ လေပူတွေကတော့ Internal Unit ထဲကိုပြန်လည်ဖြတ်သန်းစေပါတယ် အမှတ် (၃) ပုံကိုကြည့်ပါ Internal Unit ဆိုတဲ့ပုံမှာ အပြာေ၇ာင်နဲ့ အနီေ၇ာင်မြှားကိုတွေ့၇ပါ့မယ် အပြာေ၇ာင်ကတော့ supply air ဖြစ်ပြီးတော့ အနီရောင်ကတော့ return air ဖြစ်ပါတယ် ကျနော်တို့  air con ကိုကြည့်မယ်ဆိုရင် supply air ပဲရှိသလိုပဲထင်ရပါတယ် သူကမြင်လွယ်တယ်လေ ဘာလို့လဲဆိုတော့ supply ari ကို shutter လေးက အမြဲ swing လုပ်ပေးနေလို့ပေါ့ အဲတော့ return air ကဘယ်ကနေပြန်ဝင်လဲ ဆိုတော့ စက်ရဲ့ အပေါ်ပိုင်း ကနေပြန်ဝင်ပါတယ် အဲမှာဖွင့်ကြည့်လိုက်ရင် filter လေစစ်စကာတွေ တွေ့ရမှာဖြစ်ပါတယ်.... ဒါဆိုရင် return air လေပူတွေကို blower ကနေပြန်လည်စုပ်ယူပြီးတော့ evaporator coil ပေါ်မှာ ပြန်လည်ဖြတ်သန်းစီးဆင်းစေပါတယ် အဲတော့တော့ အေးမြတဲ့ evaporator coil ကနေ အပူတွေကိုစုပ်ယူသွားပါတယ် အဲလိုစုပ်ယူသွားတဲ့အခါမှာတော့ အေးမြတဲ့ liquid refrigerant တွေကနေပြီးတော့ နွေးတဲ့ အငွေ့ warm vapour gas အဖြစ်ကိုကူးပြောင်းသွားပါတယ် ပုံ (၁) နဲ့ (၂) ကိုပြန်ကြည့်ပါ ဒါဆိုရင် expension valve ကနေ အေးမြတဲ့ Cold and low pressure liquid တွေက evaporator ကိုဖြတ်ပြီးတော့  evaporator coil အထဲမှာ heat exchange လုပ်လိုက်ပြီဆိုတော့ evaporator ကအထွက်မှာ နွေးတဲ့ အငွေ့ warm  and low pressure gas အဖြစ်သို့ပြောင်းလဲသွားပါတယ် အဲဒီဖြစ်စဉ်မှာ low pressure အနေနဲ့ပဲသွားနေတာဖြစ်ပါတယ် ဒါကတော့ evaporator ရဲ့ လုပ်ငန်းစဉ်ပဲဖြစ်ပါတယ် ..... အလွယ်ဆုံး ဥပမာကိုပေးရမယ် ဆိုရင် အေးမြတဲ့ရေကို ဆူအောင် တည်လိုက်မယ်ဆိုရင် ရေခန်းပြီး အဲဒီရေတွေဟာ ပူတဲ့ အငွေ့ကို ပြောင်းလဲသွားတယ်ဆိုတာပါပဲ ......
  2. Compressor - သူကတော့ Low pressure ကနေပြီးတော့ High pressure ကိုပြောင်းလဲပေးတဲ့ အရာလို့ပြောလို့၇ပါတယ် တနည်းအားဖြင့် refrigerant cycle ဖြစ်အောင်ဖန်တီးတဲ့ အရာဖြစ်ပါတယ်..ဒါဆိုအပေါ်မှာကျနော်ပြောခဲ့တဲ့ evaporator ကနေထွက်လာတဲ့ warm and low pressure gas တွေက compressure ထဲမှာ ဖြတ်သန်းလိုက်တဲ့ အခါမှာတော့ compressor ကနေ High press ပြုလုပ်လိုက်တဲ့အခါမှာတော့ High temperature and high pressure gas အဖြစ်သို့ပြောင်းလဲသွားပါတယ် ပုံ (၁) နဲ့ (၂) ကိုကြည့်ပါ.... ဘာကြောင့် အဲလိုပြုလုပ်ရလဲဆိုတော့ အဲဒီကနေထွက်လာတဲ့ high temp and high pressure gas တွေကို Condenser coil ထဲမှာ Heat exchange ပြုလုပ်မှသာ gas stage ကနေ liquid stage ပြုလုပ်နိုင်ဖို့ အကောင်းဆုံးအခြေနေဖြစ်ပါတယ်...ဒါကတော့ Compressure ရဲ့စွမ်းဆောင်ရည်ပဲဖြစ်ပါတယ် Compressure ကိုတော့ CU (Condensing Unit ) ခေါ် Outdoor ထဲမှာထည့်ထားပါတယ်....
  3. အပေါ်မှာပြောခဲ့တဲ compressor ကနေထွက်လာတဲ့ High temp and high pressure gas အခြေအနေက မှာရှိတဲ့ gas တွေကို Condenser ထဲမှာဖြတ်သန်းစီးဆင်းစေမှာဖြစ်ပါတယ် ပုံ (၁) နဲ့ (၂)ကိုကြည့်ပါ အဲဒီ Conderser Unit မှာလဲ Fan တစ်ခုပါပါတယ် အဲဒီ fan ကနေ စောစောက စီးဆင်းလာတဲ့ high temp and high pressure gas တွေကို အအေးခံစေမှာဖြစ်ပါတယ် အဲလိုအအေးခံလိုက်တဲ့အခါမှာတော့ high temp and high pressure gas တွေက ပြင်ပလေအေးထုနဲ့ထိတွေ့လိုက်တဲ့အခါမှာတော့ gas stage ကနေ liquid stage ကိုပြောင်းလဲသွားပါတယ် ပြောရမယ်ဆိုရင်တော့ high temp and high pressure gas ကနေပြီးတော့ warm and high pressure liquid ကိုပြောင်းလဲသွားစေပါတယ် သူ့ကိုလေနဲ့ အအေးခံသည်ဖြစ်သည် အတွက်ကြောင့်  air cool conderser လို့ခေါ်ပါတယ်.... အရှင်းဆုံးဥပမာနဲ့ပြောရမယ်ဆိုရင်တော့ ပူနေတဲ့အငွေ့ထွက်နေတဲ့ နွားနို့တခွက်ကို လေနဲ့ မှုတ်ပေးမယ်ဆိုရင် အဲနွားနို့က အငွေ့ပျံမှုမရှိတော့ပဲ နွေးသွားမှာဖြစ်ပါတယ်....ဒါကတော့ condenser coil ရဲ့လုပ်ဆောင်ချက်ပါ အပေါ်ကပုံလေးတွေပြန်ကြည့်ပါ ရှင်းသွားပါလိမ့်မယ်......
  4. နောက်ဆုံးတစ်ခုကတော့ Compressor နဲ့ ဆန့်ကျင်ဘက်အလုပ်လုပ်တဲ့ Expansion Valve ဖြစ်ပါတယ် Expansion ဆိုတဲ့အတိုင်း High side ကနေ low side ဖြစ်အောင် Expand ပြုလုပ်ပေးပါတယ် သူကလဲ အဓိကကျပါတယ် ဘာလို့လဲဆိုတော့ Evaporator ထဲကို သွားရမဲ့ refrigerant မပာဏကို ကန့်သတ်ပေးခြင်းဖြင့် compressor ကို cut in or cut out ပြုလုပ်ပေးလို့ပါ...ပုံ (၁) နဲ့ (၂) ကိုပြန်ကြည့်ပါ Condersor Coil ကနေထွက်လာတဲ့ Warm and high pressure liquid ကို Expansion Valve ထဲမှာဖြတ်သန်းစီးဆင်းစေခြင်းအားဖြင့် expansion valve ကနေ expand ပြုလုပ်လိုက်တဲ့ အခါမှာတော့ warm temp and high pressure liquid ကနေ ပြီးတော့ cold and low pressure liquid အဆင့်သို့ပြောင်းလဲပေးမှာဖြစ်ပါတယ် အဲဒီ cold and low pressure liquid refrigerant တွေကို evaporator coil ထဲကိုဖြတ်သန်းစေခြင်းအားဖြင့် နောက်ထပ်တစ်ကြိမ် cycle အသစ်ပြန်စခြင်းဖြစ်ပါတယ်.....အဲဒီလို ကြိမ်ဖန်များစွာပြုလုပ်စေခြင်းဖြင့် ကောင်းမွန်တဲ့ refrigerant cycle သို့မဟုတ် ကောင်းမွန်တဲ့ လေအေးပေးစနစ်ကို ၇ရှိစေမှာဖြစ်ပါတယ် ..... ကဲဒါလေးကတော့ သူ့ရဲ့ အလုပ်လုပ်ပုံကို အနည်းငယ် ပြောပြသွားတာဖြစ်ပါတယ် .... ပြီးရင်တော့ Air conditioning မှာ ဘယ်လိုအမျိုးအစားတွေခွဲထားတယ်ဆိုတာ နောက်ထပ်ပို့စ် တစ်ခုအနေနဲ့ ထပ်ရေးပါ့မယ် ... အားလုံးပဲ လိုအင်တွေပြည့်စုံကြပါစေ .... စေတနာအားဖြင့်.....ကျောင်းရွာသား.....

No comments:

Post a Comment