Wednesday 14 November 2012

ACMV နဲ့ ပတ်သတ်လို့ အပိုင်း (၁)


မနေ့က ကျနော် ပြောခဲ့တဲ့ M&E ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဘာတွေပါဝင်သလဲ လို့  ရေးသားအပြီးမှာတော့ ဒီနေ့တော့ အချိန် မရှိတရှိလေးမှာ နဲနဲလေးတော့ ရေးလိုက်ပါအုံးမယ်ခင်ဗျာ......
ACMV ဆိုတာကတော့ Air-Conditioning and Mechanical Ventilation ပဲဖြစ်ပါတယ် ဒီ ACMV system ကိုတော့ အများအားဖြင့် ပူအိုက်စွတ်စိုသော နိုင်ငံတွေမှာ အသုံးပြုပြီး အအေးပိုင်းဒေသတွေမှာတော့ HVAC (Heating, Ventilation and Air-Conditioning) ကိုအသုံးပြုပါတယ်....အပူပိုင်းဒေသတွေမှာတော့ အေးဖို့နဲ့ လေကောင်းလေသန့် ရဖို့ပဲဆိုတော့ ACMV system ကိုပဲ အသုံးပြုပါတယ်..... အဲဒါဆို Air-Con ကိုဘာကြောင့်တပ်သလဲ ဆိုရင်တော့ အဓိကတော့ အေးဖို့ပေါ့ဗျာ အေးချင်လို့ အဲကွန်းကိုတပ်တယ်ပေါ့ အမှန်တကယ်တော့ Air-Con ကိုတပ်ဆင်တယ်ဆိုတာက သက်တောင့်သက်သာ ရှိစေဖို့ပါ ဘယ်လိုတွေ သက်တောင့် သက်သာ ရှိနိုင်စေတယ် ဆိုတာ ကျွန်တော် အချက် လေးချက်နဲ့ ဖေါ်ပြပေးပါ့မယ်......ကဲ ကြည့်လိုက်ရအောင်လားဗျာ.....

ဆက်ဖတ်ရန်....

Tuesday 13 November 2012

M&E ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဘာတွေပါဝင်သလဲ...





ကျနော်လဲ ဒီဘလော့ လေးကကနေပျောက်နေတာ ကြာနေပြီ ပျောက်နေတာကလဲ အလုပ်ကလဲ ရှုပ် ပြီးတော့ တခြား ကိစ္စလေးတွေကလဲ ရှိနေပြန်တော့ မရေးဖြစ်တာပါ....ပြန်ရေးမယ်ဆိုတော့ မနည်းအားပြန်ယူနေ၇တယ် ဒါပေမယ့် ဒီဘလော့လေးကိုတော့ ကျနော် ဆက်လက်ပြီးေ၇းမှာပါ ......
ကျနော် အရှေ့မှာတင်ထားခဲ့တဲ့ ပို့စ်လေးကို ပြန်ဆက်ရအောင်ဗျာ ... တကယ်တော့ ဆောက်လုပ်ရေးလုပ် ငန်းတွေမှာ M&E ဆိုတာက အရမ်းကို အရေးကြီးပါတယ်.... အိုကေ ဒါဆိုကျနော်တို့ M&E ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဘာတွေပါဝင်သလဲဆိုတော့ ခေါင်းစဉ်လေးတွေချရေးကြည့်ကြရအောင်ဗျာ...
အဓိက ပါဝင်တဲ့ Services တွေကတော့.....
  1. Air-conditioning and Mechanical Ventilation ( air con နဲ့ mechanical ventilation ကဘာလို့ပေါင်းစပ်ထားလဲဆိုတော့ သူတို့ နှစ်ခု ကဆက်သွယ်မှုရှိနေလို့ပါပဲ ဒီက Air-con system တွေ များသောအားဖြင့် common area တွေမှာ air-conditioning စနစ်တွေမှာ လေသန့်စနစ် (Fresh air) တွေထည့်သွင်းထားလို့ပါပဲ )
  2. BAS (Building Automation System)..(ဒါကတော့ centralized control system တခုပါပဲ building မှာရှိတဲ့ M&E Service တွေကို DDC လို့ ခေါ်တဲ့ direct digital controller တွေနဲ့ software အကူညီကို ရယူပြီးတော့ computerized system တွေနဲ့ထိမ်းချုပ်ထားတာပါ )
  3. Electrical System (ဒါကတော့ အရေးပါတဲ့ Traditional system တခုဖြစ်ပါတယ် ဘယ်လို system ကိုပဲသုံးသုံး Electrical ရဲ့ အကူညီကို ရယူပါတယ် အဓိကတော့ Lighting system အတွက် ထောက်ပံ့ ပေးပါတယ်)
  4. Cooling Water System (ဒါကတော့ water supply နဲ့ပတ်သတ်တဲ့ အပိုင်းပါ အဆောက် အဦးတစ်ခုကို water system ကိုဘယ်လိုပေးမလဲ ပြီးတော့ water tank တွေ ဘယ်လို provide လုပ်မလဲ water pump system တွေဘယ်လို run မလဲပေါ့ )
  5. Sanitary Plumbing and Drainage System (ဒါကတော့ Plumbing system တွေနဲ့ Sanitary တွေ Drainage system တွေဘယ်လို run သလဲ ဆိုတာပေါ့ plumbing လို့ပြောလိုက်တာနဲ့ အကုန်ပါဝင်ပါတယ် supply ကနေပြီးတော့ ရေဆိုးတွေ ထုတ်တဲ့ အဆင့်ထိပါဝင်ပါတယ်)
  6. Fire Protection System (ဒါကတော့ နဲနဲကျယ်ပြန့်တယ် အဆာက်အအုံတစ်ခုမှာ ဒီ စနစ်က အ၇မ်းအရေးကြီးပါတယ် ပုံမှန်အားဖြင့်တော့ Dry Riser တွေ Wet riser တွေ ပြီးတော့ Sprinkler point system တွေ ဘယ်လို run သလဲ ဆိုတာတွေပါဝင်ပါတယ် အဆောက်အအုံတစ်ခုမှာ Fire Protection System တွေ ကြိမ်းသေ ပါဝင်ရမှာပါ)
  7. Network & Communication System (ဒါကတော့ Internet line တွေ ပြီးတော့ phone line တွေကို provide လုပ်တာဖြစ်ပါတယ် ဒီမှာကတော့ SingTel နဲ့ StarHub ဆိုတဲ့ Service Provider နှစ်ခုကတော့ နာမည်ကြီးပါတယ်)
  8. Lightning Protection (ဒါကလဲ ပါဝင်ရမှာပါပဲ မိုးကြိုးလွှဲ စနစ်ကတော့ safety system တစ်ခုပါပဲ လူ့အသက် အန္တရယ် မှကာကွယ်နိုင်သလို အခြား M&E system တွေကိုလဲ ကာကွယ်ပေးပါတယ်)
  9. Gas Service System (Condominium တွေမှာတော့ Gas service တွေကိုပဲအသုံးပြုပါတယ် သူ့အတွက် Riser တွေပေးရပါတယ် ပြီးတော့ ဘယ်လို သူ့ကို safety device တွေနဲ့ safe ဖြစ်အောင်ပြုလုပ်ထား၇မှာဖြစပါတယ်)
  10. Swimming Pool System (Condominium တွေမှာေ၇ကူးကန်တွေပါဝင်ပါတယ် ဒီစနစ်ကလဲ ရေတွေကို ဘယ်လို သန့်စင်မလဲ chlorine တွေဘယ်လိုသုံးမလဲ ဆိုတာပါဝင်ပါတယ်)
  11. Lift & Escalator System (ဒါကလဲ အထပ်မြင့် အဆောက်အအုံတွေအတွက်ပါဝင်ပါတယ် )
  12. Security System (ဒါကတော့ Security ပိုင်းနဲ့ ပတ်သတ်လို့ ပါဝင်ပါတယ် CCTV တွေနဲ့ Guard House တွေကနေ ဘယ်လို control လုပ်သလဲဆိုတာ ပါဝင်ပါတယ်)
  13. Green Mark (ဒါကတော့ Services အနေနဲ့ သီးသန့်တော့မဟုတ်ပါဘူး ဒါပေမယ့်သူကတော့ services တွေကို ဘယ်လို energy saving ပြုလုပ်ရမယ် ဆိုတာတွေကို Green Mark Project တွေမှာ ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်)
 ဒီ Services System တွေကတော့ Building System တွေမှာပါဝင်တဲ့ အဓိက အချက်တွေပဲ ဖြစ်ပါတယ်
ဒီ Service တစ်ခုချင်းစီကိုလဲ ကျနော် အသေးစိပ်ပြောပြပေးသွားမှာဖြစ်ပါတယ် M&E coordination ကတော့ အဓိကတော့ Design ဘက်ကိုဦးတည်နေတာထက် System ကိုဘယ်လို install လုပ်ရမယ် ဘယ်လို space တွေပေးရမလဲ ပေါ့ ဒါပေမယ့် system အကြောင်းကို သိထားရမှာပါ နောက်ထပ် ဖေါ်ပြမယ့် ပိုစ့်တွေမှာ စနစ် တခုချင်းစီ အကြောင်းတွေကို ဖေါ်ပြပေးသွားမှာဖြစ်ပါတယ် ပြီးတော့ M&E system နဲ့ဆက်စပ်မှုတွေရှိနေတဲ့ Structure အပိုင်းတွေ archi နဲ့သတ်ဆိုင်တဲ့ ceiling တွေဘယ်လို လုပ်သလဲဆိုတာ ဖေါ်ပြပေးသွားမှာပါ ခင်ဗျာ....ပြီးတော့ drawing နဲ့ပတ်သတ်တဲ့ အပိုင်းတွေ တွေကိုလဲ အချိန်ရရင်၇သလို ဖေါ်ပြပေးသွားမှာဖြစ်ပါတယ် ..... ကဲဒီနေ့တော့ ဒါလေးနဲ့ အစပျိုးလေးေ၇းပေးထားပါတယ် နောက်နေ့တွေများ အချိန်ရ၇င် ဆက်ေ၇းပေးပါ့မယ် အားလုံးပဲ ကိုယ်စိတ်နှလုံး ရွှင်ပြုံး ကြပါစေ..... ကျောင်းရွာသား.....

ဆက်ဖတ်ရန်....