Wednesday 14 November 2012
ACMV နဲ့ ပတ်သတ်လို့ အပိုင်း (၁)
မနေ့က ကျနော် ပြောခဲ့တဲ့ M&E ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဘာတွေပါဝင်သလဲ လို့  ရေးသားအပြီးမှာတော့ ဒီနေ့တော့ အချိန် မရှိတရှိလေးမှာ နဲနဲလေးတော့ ရေးလိုက်ပါအုံးမယ်ခင်ဗျာ......
ACMV ဆိုတာကတော့ Air-Conditioning and Mechanical Ventilation ပဲဖြစ်ပါတယ် ဒီ ACMV system ကိုတော့ အများအားဖြင့် ပူအိုက်စွတ်စိုသော နိုင်ငံတွေမှာ အသုံးပြုပြီး အအေးပိုင်းဒေသတွေမှာတော့ HVAC (Heating, Ventilation and Air-Conditioning) ကိုအသုံးပြုပါတယ်....အပူပိုင်းဒေသတွေမှာတော့ အေးဖို့နဲ့ လေကောင်းလေသန့် ရဖို့ပဲဆိုတော့ ACMV system ကိုပဲ အသုံးပြုပါတယ်..... အဲဒါဆို Air-Con ကိုဘာကြောင့်တပ်သလဲ ဆိုရင်တော့ အဓိကတော့ အေးဖို့ပေါ့ဗျာ အေးချင်လို့ အဲကွန်းကိုတပ်တယ်ပေါ့ အမှန်တကယ်တော့ Air-Con ကိုတပ်ဆင်တယ်ဆိုတာက သက်တောင့်သက်သာ ရှိစေဖို့ပါ ဘယ်လိုတွေ သက်တောင့် သက်သာ ရှိနိုင်စေတယ် ဆိုတာ ကျွန်တော် အချက် လေးချက်နဲ့ ဖေါ်ပြပေးပါ့မယ်......ကဲ ကြည့်လိုက်ရအောင်လားဗျာ.....
  1. Temperature
  2. Humidity
  3. Air Motion and Air Distribution
  4. Cleanliness
1. Temperature - အပူချိန်နဲ့ ပတ်သတ်လို့ကတော့ အဲကွန်းဆိုတာ အပူချိန်ကိုလျှော့ပေးပြီး လိုအပ်တဲ့ အပူချိန်ထဲရောက်အောင်ကို ချိန်ညှိပေးပြီး သက်တောင့်သက်သာ ဖြစ်စေမဲ့ အချိန်ထိ အပူချိန်ကို ချိန်ညှိပေးနိုင်ရပါမယ် ဥပမာ လူတစ်ဦးရဲ့ အပူတွေက အပြင်ကိုအမြဲတမ်း ထွက်ရှိနေတာ ဖြစ်ပါတယ် ထိုထွက်ရှိနေမဲ့ အပူချိန်တွေကို ချိန်ညှိပေးနိုင်ဖို့  လိုအပ်တဲ့ အပူချိန်ကိုရောက်သွားရင် ထိမ်းသိမ်းထားနိုင်ဖို့ပဲဖြစ်ပါတယ် နောက်ထပ် ဥပမာ အနေနဲ့ လူတစ်ဦးက အပူပိုင်းဒေသမှာနေရင် လူတစ်ယောက်မှာရှိသင့်တဲ့ အပူထက် လွန်ကဲနေရင် အဲလူဟာ ဘယ်တော့မှာ သက်တောင့် သက်သာ ဖြစ်နိုင်မည်မဟုတ်ပါ ထို့ကြောင့် Air conditioning ကနေပြီးတော့ အဲဒီမြင့်တက်နေတဲ့ အပူချိန်တွေကို သက်မှတ်ထားတဲ့ သက်တောင့် သက်သာရှိစေမဲ့ အပူချိန်ကို Maintain ပြုလုပ်ပေးခြင်းပဲ ဖြစ်ပါတယ်...သာမန်လူတစ်ဦးရဲ့ အပူချိန်ကတော့ 98.6 F ဆိုပါဆို့  ဒါဆိုရင် Air conditioning space ထဲကိုရောက်သွားပြီဆိုရင် ထို့ထက်နိမ့်ကျတဲ့ အပူချိန်ကို Air conditioning space ကနေပြီး သက်တောင့်သက်သာရှိအောင် ထိမ်းသိမ်း ပေးထားတာပဲဖြစ်ပါတယ် ဒါဆိုရင် Air con မတက်ဆင်ထားတဲ့ နေရာ ကသက်တောင့် သက်သာ မရှိတော့ဘူးလားလို့မေးစ၇ာရှိပါတယ်... ဟုတ်ပါတယ် လို့ပဲ ပြော၇မလို ဖြစ်နေပါတယ် လူတစ်ယောက်ရဲ့ သာမန်အပူချိန်မှာတောင် သက်တောင့် သက်သာမရှိဘူးဆိုရင် အ၇မ်းပူတဲ့ နေရာတွေမှာဆို အဲဒီအပူချိန်က လူတစ်ယောက်ကို အန္တရယ် ဖြစ်စေနိုင်ပါတယ် ဒါကြောင့် Air condition ကို တပ်ဆင်ရမှာဖြစ်ပါတယ်......( တပ်ဆင်ဖို့ အခြေအနေပေး သူများအတွက်ပေါ့ ) မတက်ဆင်နိုင်လဲပဲ စိတ်ညစ်စရာမရှိပါ နေတက်ရင် ကျေနပ်စ၇ာလို့ ပြောစ၇ာတွေအများကြီးပါပဲ လူဆိုတာကတော့ ဇိမ်နဲ့ မနေချင်သူ ခပ်ရှားရှားပါ...ဒါဆိုရင် တောရွာမှာနေတဲ့သူတွေ ကော ဘယ်လိုလုပ်မလဲ မေးစရာရှိပါတယ် ဟုတ်ပါတယ် သူတို့တွေလဲ အိုက်လာရင် လေအေး တိုက်တဲ့နေရာကို သွားကြတာပဲ သို့မဟုတ် ဓနိလိုမိုး ထားတဲ့အိမ်က အပူချိန်ကို လျှော့ချပေးနိုင်ပါတယ် ဒါကလဲ သဘာဝကပေးတဲ့ Air conditioning တစ်မျိုးပါပဲ......
2. Relative Humidity - ဒါကတော့ စိုထိုင်းဆ ကိုပြောတာပါ....လူတစ်ယောက်ရဲ့ အရေအပြားကနေပြီး ရေငွေ့ ပြန်ပြီး ပတ်ဝန်းကျင် လေထုထဲကို အဲဒီရေငွေ့တွေကို ထုတ်လွှတ်ပါတယ်....အလွယ်ကူဆုံး သိရမယ်ဆိုရင်တော့ လူတစ်ယောက်ကချွေးထွက်နေတယ် ဆိုရင် အဲဒီချွေးက လေထုထဲကို အငွေ့အနေနဲ့ ထွက်ရှိသွားမှာဖြစ်ပါတယ်... ဒါပေမယ့် ပတ်ဝန်းကျင် အခြေနေကလဲ အ၇မ်းကိုပူနေမယ် ဆိုရင်တော့ မိတ်ဆွေတို့ရဲ့ အရေပြားက ရေငွေ့တွေကို လျှင်မြန်စွာ စုပ်ယူသွားပြီး အရေအပြား ကလဲ ခြောက်သွေ့နေပါလိမ့်မယ် အကယ်လို့ ပတ်ဝန်းကျင်ကလဲ စိုထိုင်းထိုင်းကြီးဖြစ်နေမယ် မိုးအုံ့သလိုလို နေပူသလိုလိုဖြစ်နေမယ်ဆိုရင်လဲ လူမှာရှိတဲ့ ရေငွေ့တွေက အငွေ့ပျံမှု နည်းပါးသွားစေမယ် ဖြစ်ပါတယ် ထို့ကြောင့် မိတ်ဆွေတို့ မိုးအုံ့ သလိုလို နေပူသလိုလိုဖြစ်နေတဲ့ အချိန်မှာဆိုရင် အရမ်းကိုနေရထိုင်ရခက်နေတာပေါ့ စင်ကာပူမှာဆို ဒီလိုအဖြစ်အများဆုံးပါ ဒါကြောင့်လဲ စလုံးမှာ အဲကွန်းမှ အဲကွန်းဖြစ်နေကြတာပေါ့ ခင်ဗျာ... ကဲစောစောက ပြောတဲ့ စိုထိုင်းဆတွေကို လိုက်ေ၇ာညီထွေစေဖို့ရာ လုပ်ပေးနိုင်တာတစ်ခုက တော့ Air conditioning ကပဲ လုပ်ဆောင်ပေးနိုင်ပါတယ် သူကတော့ လိုအပ်တဲ့ စိုထိုင်းဆတန် ဖိုးကို ထိန်းသိမ်းသွားတာဖြစ်ပါတယ် Air conditioning space မှာရှိသင့်တဲ့ Relative Humidity  (R.H) ကတော့ 30% ကနေ 70% အတွင်းတည်ရှိမယ်ဆိုရင် အဲဒီလူက သက်တောင့် သက်သာရှိနေမှာဖြစ်ပါတယ်.....
3. Air motion and Air distribution - ဒါကတော့ Air con space တွေမှာ သက်တောင့်သက်သာရှိစေဖို့အတွက် Air direction ကိုရွေးချယ်မှုကလဲ မှန်ကန်ရမှာပါ တချို့နေရာကအေးလွန်နေပြီး အချို့နေရာက ပူလွန်းနေရင်လဲ ဒါက Air Direction သွားရာမမှန်ကန်နိုင်ပါ 
ထို့ကြောင့် Air Condition တပ်ဆင်တော့မယ်ဆိုရင် ဘယ်လို Air moving ကောင်းမလဲဆိုတာကိုရွေးချယ်ပြီးမှ တပ်ဆင်ရမှာဖြစ်ပါတယ် ခင်ဗျာ....ဥပမာ မှန်တွေရှိတဲ့ဘက်ကို Air direction ကသွားနေမယ်ဆိုရင်လဲပဲ မှန်တွေေ၇တွေ condensation ဖြစ်ပြီး စီးကျလာမှာဖြစ်ပါတယ်....ထို့ကြောင့် သက်ဆိုင်ရာ နားလည်သူတွေနဲ့ညှိနိုင်းပြီးတော့ တပ်ဆင်ရမှာဖြစ်ပါတယ် အဓိကတော့ အဲကွန်းတပ်ဆင်တော့မယ်ဆိုရင် ပစ္စည်းတခုခုနဲ့ ကွယ်နေတာတို့  wardrobe လိုဟာမျိုးတွေပေါ့ ပြီးတော့ မိမိနေထိုင်နေထိုင်မဲ့နေရာနဲ့ အရမ်းနီးကပ်နေတာမျိုး( အနည်းဆုံး 2 meter )... မျက်နှာတဲ့တဲ့ ကို Air Direction ကျနေတာမျိုးမဖြစ်သင့်ပါ သို့မဟုတ် Air Direction ကိုပြောင်းပေးရပါ့မယ် စင်ကာပူမှာတော့ ကွန်ဒိုတွေမှာ M&E Consultant တွေက ဆုံးဖြတ်ပေးလေ့ရှိပါတယ် ခင်ဗျာ.....
4. Cleanliness - ဒါကတော့ သန့်ရှင်းမှုပါပဲ အဲကွန်းတပ်မှတော့ သန့်ရှင်းနေရမှာ ဖြစ်ပါတယ် အဲကွန်းခန်းထဲမှာ ဖုန်တွေရှိနေလို့ဘယ်ဖြစ်မလဲ ဒါကြောင့် Air conditioning system တွေမှာ Micro Filter တွေ တပ်ဆင်ပေးထားပါတယ် Air con မှာ Supply Air ( လေသန့် ) နဲ့  Return Air ( သုံးပြီးသားလေ) ဆိုပြီးရှိရာမှာ Return Air ဖက်မှာ စောစောကပြောတဲ့ Micro Filter တွေကိုတပ်ဆင်ထားခြင်းပဲဖြစ်ပါတယ် 
အဲဒီလို တပ်ဆင်ခြင်းအားဖြင့် အခန်းထဲမှာရှိတဲ့ဖုန်မုန့်  ဘက်တီးရီးယားလိုအစရှိတဲ့ မကောင်းတဲ့ အညစ်အကြေးတွေက Return Air နဲ့ပါဝင်သွားပြီး လေစစ်စကာ Filter တွေကနေ လေကိုသန့်စင်ပေးနေမှာဖြစ်ပါတယ်......
No comments:
Post a Comment