Wednesday 17 October 2012

Construction M&E ဆိုတာ....

M&E ဆိုတာကတော့ အလွယ်ပြော၇င် Mechanical and Electrical ပါပဲ ဒါကတော့ လူတိုင်းမသိတာတောင်မှ Engineering နယ်ပယ်မှာ လုပ်ကိုင်နေတဲ့ သူတွေ အထူးသဖြင့် ဆောက်လုပ်ေ၇း လုပ်ငန်းခွင်မှာ လုပ်ကိုင်နေတဲ့သူတွေ ရင်းနှီးပြီးသား နာမည် တစ်ခုဖြစ်ပါတယ် မသိသေးတဲ့ သူအတွက်လဲ ကျွန်တော် သေချာ ရေးပြသွားမှာဖြစ်ပါတယ်.....M&E ဆိုတာကတော့ တည်ဆောက်ေ၇းလုပ်ငန်း အဆောက်အဦးသို့ စက်ရုံအလုပ်ရုံတို့ရဲ့ အတွင်းပိုင်း မှာထည့်သွင်း၇တယ့် Mechanical and Electrical Equipment တွေပဲဖြစ်ပါတယ်...ကျွန်တော်တို့တွေ တည်ဆောက်ရေး လုပ်ငန်းခွင်မှာ အသုံးပြုဖို့ဆို၇င်.... ဒီ M&E ဆိုတဲ့ အခန်း ကဏ္ဍ ဟာ မဖြစ်မနေပါဝင်ပါတယ် ခင်ဗျာ...ဥပမာ အားဖြင့် သင်္ဘောတည်ဆောက်ေ၇း လုပ်ငန်းတို့ စက်ရုံအလုပ်ရုံ လုပ်ငန်းတို့ဆို၇င် လည်း ဒီ M&E အခန်းကဏ္ဍ ဟာ
မဖြစ်မနေပါဝင်နေပြန်ပါတယ် ဒိထက်အရှင်းဆုံးပြော၇မယ်ဆို၇င် M&E ဆိုတာဟာ လူနေမှုအဆင့်တန်းအနေနဲ့ေ၇ာ လုံခြုံမှုအနေနဲ့ ပါ အများကြီးကို အထောက်အပံ့ ပေးနေပြန်ပါတယ် M&E ဆိုတာမရှိ၇င် မိမိ အိမ်အထဲမှာ ဘာပစ္စည်းမှ မရှိတဲ့ အိမ်ဟောင်းလောင်းပေါက် ကြီးနဲ့ တူပါတယ်....ဆိုတော့ ကျွန်တော်တို့ရဲ  M&E ကဏ္ဍဟာ အေ၇းပါ အ၇ာေ၇ာက်တဲ့ နေ၇ာကနေ အမြဲတမ်းပါဝင်နေမှာ ဖြစ်ပါတယ် 
ကျွန်တော်ကတော့ Building နဲ့ပတ်သတ်တဲ့ အခန်းကဏ္ဍ ကနေပြောပြ သွားမှာဖြစ်ပါတယ်....ကဲ ဒါလေးကတော့ အကြမ်းဖျင်း မိတ်ဆက်လေး ဖြစ်ပါတယ်....ကဲ M&E ဆိုတဲ့ ခေါင်းစဉ်မှာ မည်သည့်အရာတွေက ပါဝင်နေသလဲ ဆိုတာ ကျွန်တော် ရဲ့   နောက်ထပ်ပို့စ် တစ်ခုမှာ ဆက်လက်ဖေါ်ပြသွားမှာဖြစ်ပါတယ် .... အားလုံးရွှင်လန်းပါစေ ခင်ဗျာ.... အချိန်ကန့်သတ်ချက်နဲ့ရေး၇သည်မို့ .... အမှားများရှိခဲ့၇င် ခွင့်လွှတ် သည်းခံ ပြင်ဆင်ဖတ်ရှုပေးကြပါလို့ ကျွန်တော် ပြောကြားလိုပါတယ် ခင်ဗျာ....

No comments:

Post a Comment