Saturday 13 October 2012

Building Construction ဆိုတာ.....

    ကျွန်တော်ဒီဘလော့လေးကိုေ၇းမိတာ သိတာလေးများကိုပြန်လည်မျှဝေခြင်းသက်သက်ပါ.... အတွေ့ကြုံ၇ပြော၇မယ်ဆို၇င် နည်းပါသေးတယ် ကျွန်တော့်ထက်အများကြီးသိတဲ့ အကိုတွေ အမတွေလဲရှိကြပါတယ် ဒါပေမယ့် မသိသေးတဲ့သူငယ်ချင်းမိတ်ဆွေများကို Singapore Construction အကြောင်းလေးကိုမျှဝေခြင်းပါ... M&E လို့ခေါင်းစဉ်တပ်ထားပေမယ့်..အားလုံးဟာဆက်နွယ်နေတဲ့
အတွက်ကြောင့် အားလုံးကိုကျွန်တော်ေ၇းသွားမှာဖြစ်ပါတယ်..အမှားများပါခဲ့၇င်လဲ ပြင်ပေးကြပါလို့ ဘလော့လဲခုမှစေ၇းဖြစ်တာပါ ....ကဲကျွန်တော်သိတဲ့အကြောင်းလေးတွေကိုစရေး၇အောင်.....
                စလုံးဆိုတဲ့ Singapore မှာ မြန်မာတွေအတွက်တော့ အေ၇းပါတဲ့နေ၇ာမှာပါဝင်လုပ်ကိုင်
နေကြပါတယ် အခြေခံအဆင့်မှ စလို့ အဆင့်မြင့် ပညာရှင်တွေအထိပေါ့....Construction လို့မြန်မာလို
ပြော၇၇င်တော့ တည်ဆောက်ေ၇းလုပ်ငန်းတခုပေါ့ ... တည်ဆောက်ေ၇းမှာက တော့ building ရှိမယ်, တခြား Shipyard တွေ စသဖြင့်ရှိတာပေါ့ဗျာ...ကျနော်တို့က building လိုင်းဆိုတော့ building construction ဖြစ်သွားတာပေါ့ဗျာ....စလုံးမှာ အဆောက်ဦးစတင်ဆောက်လုပ်တော့မယ်ဆို၇င် ...ပထမဆုံး..Owner သို့ Developer တွေက မြေရှာပါတယ် ပြီး၇င်တော့ သူတို့က သူတို့ရဲ့ တည်ဆောက်မဲ့ အဆောက်အဦးရဲ့ဒီဇိုင်းကိုဆွဲပေးဖို့ Architect ကိုငှား၇ပါတယ် Architect ဆိုတာက Owner ပြီး၇င် သြဇာအရှိဆုံးပါ...အဲလို သူတို့က ဒီဇိုင်းေ၇းဆွဲပြီး၇င်တော့ သူတို့ဆွဲထားတဲ့ Building Plan တွေကိုသက်ဆိုင်၇ Authority တွေကို Submission တွေလုပ်၇ပါတယ် ဥပမာ BCA (building and construction authorities) တွေပေါ့ သူတို့တွေက approved ဖြစ်လာပြီဆို၇င်တော့ Owner သို့ Architect တွေက သူတို့၇ဲ့ Building plan တွေကိုထပ်မံ ပြည့်စုံတဲ့ဒီဇိုင်းဖြစ်ဖို့ Structural Consultant တွေ၇ယ် နောက်တခုအေ၇းကြီးတဲ့ M&E Consultant တွေကိုငှား၇ပါတယ် Structural Engineer တွေက Building အတွက် လိုအပ်မယ့် Beam တွေ Column တွေအစသဖြင့် ဘယ်လောက်ဆိုဒ်ကိုသုံး၇မယ် Loading တွေကအစ သေချာစွာဒီဇိုင်းေ၇းဆွဲ၇ပါတယ် ပြီး၇င်တော့ Building လောကမှာ မပါမဖြစ် တဲ့ M&E (mechanical and electrical) Consulting Engineer တွေက ဒီဇိုင်းပြုလုပ်ပေး၇ပါတယ် M&E ဆိုတဲ့အထဲမှာဘာတွေပါဝင်တယ်ဆိုတာတော့ နောက်ပို့စ်တွေမှာ ဖော်ပြပေးသွားမှာဖြစ်ပါတယ် ...
အဲဒီလိုသူတို့အားလုံးဒီိဇိုင်းရေးဆွဲပြီးသွားပြီဆို၇င်တော့ သူနဲ့သက်ဆိုင်တဲ့ authority တွေကို submission လုပ်ကြ၇ပါတယ် အားလုံး approved ဖြစ်ပြီဆို၇င်တော့ ဒီဇိုင်းအဆင့်က အားလုံးပြီးဆုံးသွားလို့... တည်ဆောက်မဲ့ Builder တွေကိုရှာ၇ပါတယ် ဒါကတော့ Owner ဘက်ကနေပြီးသူတို့ Tender တွေခေါ်ပါတယ် Singapore မှာတော့ ထိပ်တန်း Builder တွေကတော့ Wohhup, Dragags, Tiong Seng စသဖြင့်ပေါ့လေ...ဆောက်လုပ်မယ့် Builder တခုခုက Contract ရသွားပြီဆို၇င်တော့
Builder တွေကတဆင့် သက်ဆိုင်၇ာ Subcontractor တွေကို Tender ပြန်ပေး၇ပါတယ် Builder တွေကတော့ Main contractor ပေါ့ သူတို့ကသူတို့လိုအပ်သလို sub contractor တွေကိုခေါ်၇ပါတယ် ဥပမာ Air con ဆို Air con sub contractor ပေါ့အဲလိုပဲ တခြား သက်ဆိုင်၇ာ လိုအပ်မဲ့ Sub တွေပြန်ခေါ်ပါတယ် အမှန်တော့ သူတို့က ကြီးကြပ်မယ် ညှိနိုင်းမယ် အုပ်ချုပ်မယ်ပေါ့ ဒါကတော့ Builder ပေါ်မူတည်တာပေါ့ တည်ဆောက်ေ၇းလုပ်ငန်းတွေကို သူတိုကအဓိကထားလုပ်ပြီးတော့ အတွင်းပိုင်းတွေကိုတော့ Sub contractor ပဲပေးပါတယ် အားလုံး approved ဖြစ်သွားပြီဆို၇င်တော့ လိုအပ်မယ့် shop drawing တွေကိုစဆွဲ၇ပါတယ် ကျွန်တော်တို့ က air con သမားဆို၇င် air con shop drawing ပေါ့ တခြား sub con တွေကလဲသီးခြားဆွဲ၇ပါတယ် အဓိကတော့ မူရင်း Architect နဲ့ M&E consultant တို့၇ဲ့ ဒီဇိုင်းတွေပေါ်မှာအခြေခံ၇ပါတယ် ပြီးတော့ Sub contractor က သူတို့သုံးမဲ့ Installation Details တွေကအစဆွဲ၇ပါတယ် Material sample တွေကအစပေါ့  ပြီးသွားပြီ ဆို၇င်တော့ Subcontractor တွေက Drawing တွေအားလုံးကို သက်ဆိုင်၇ာ Architect or M&E Consultant တွေကို submission လုပ်၇ပါတယ် တချိန်ထဲမှာပဲ BCA တို့လို Authority တွေကိုလည်း Submission တင်၇ပါတယ် အားလုံး Approved ဖြစ်သွားပြီဆို၇င်တော့
Construction ကိုစလို့၇ပါပြီ.......ဒါကတော့အကြမ်းဖြင်းကျွန်တော်ပြောသွားတာပါ ကျွန်တော့သိသလောက်ပေါ့လေ ...ဒီမှာတော့ သူ့အဆင့်နဲ့သူပါ Approved ဖြစ်ပြီးမှ အားလုံးလုပ်ကိုင်ကြ၇ပါတယ် ... Approved ဆိုတာက အဓိကတော့ BCA authority ပေါ့လေ ပြီး၇င်တော့ Architect နဲ့ သက်ဆိုင်၇ာ..Consultant ပေါ့ သူတို့၇ဲ့ Approved ကို၇ယူပြီးမှ ကျွန်တော်တို့  Construction ကိုစတင်လို၇မှာပါ...ဒါကတော့ ပထမဆုံး Construction Cycle တခုမှာပါဝင်နေကြတဲ့ Policy တွေပါပဲလို့ ကျွန်တော်သုံးသပ်မိပါတယ်......အားလုံးရွှင်လန်းကြပါစေ......
 

  

No comments:

Post a Comment