Wednesday 19 August 2015

M&E Services and Coordination (For Singapore HDB Project) Part 3.




M&E Services and Coordination (For Singapore HDB Project) Part 3.

အားလုံးပဲ မင်္ဂလာပါ အပိုင်း (၂) ကို ရေးသားလို့အပြီးမှာတော့ အပိုင်း (၃) ကို ဆက်သွားပါ့မယ် အပိုင်း (၂) အထိ Services တွေကို ဖေါ်ပြလို့အပြီးမှာ ယခု ဆက်လက်ပြီး Coordination အပိုင်းကို သွားပါ့မယ် Coordination ဆိုတာကတော့ ညှိနိုင်းဆောင်ရွက်ခြင်းပဲဖြစ်ပါတယ် ညှိနိုင်းဆောင်ရွက်တဲ့ အခါ ဘယ်လိုအကောင်းဆုံးဖြစ်အောင်လုပ်မလဲဆိုတာပါ အမြဲထည့်သွင်းစဉ်းစားရပါတယ် အမှားနဲအောင်လုပ်တဲ့ သဘောပါပဲ အဲလိုညှိနိုင်းဆောင်ရွက်နိုင်ဖို့အတွက် Construction Team မှာပါဝင်နေသူတွေအားလုံးနဲ့ပါတ်သက်လို့နေပါတယ် ကိုယ်က M&E သမားပဲကွာ Archi ကို အရေးစိုက်စရာမလိုဘူးလို့ ပြောလို့မရပါဘူး… ထို့အတူပဲ Structure Team နဲ့လဲ အမြဲ တမ်းညှိနိုင်းဆွေးနွေးနေရမှာပါပဲ မိမိအဖွဲ့အစည်းတစ်ခုတည်း ကောင်းဖို့ဆိုတာက မဖြစ်နိုင်ပါဘူး M&E Services တစ်ခုထဲနဲ့လဲ အဆောက်အဦးတစ်ခု ပြီးပြည့်စုံဖို့မဖြစ်နိုင်သလို Structure ဆိုတဲ့ တည်ဆောက်ရေးမရှိရင်လဲပဲ အဆောက်အဦးဆိုတာ ဖြစ်လာနိုင်စရာမရှိပါဘူး ဒါ့ကြောင့် ကျနော်တို့တွေ Coordination လုပ်တော့မယ် ဆိုရင် အားလုံးနဲ့ အဆင်ပြေအောင် ညှိနိုင်းဆွေးနွေးပြီးမှ အကောင်းဆုံးသော အဖြေနဲ့ ဆက်လက်လုပ်ကိုင်သွားရမှာပဲဖြစ်ပါတယ်…Coordination မှာတော့ ကျနော်တို့အနေ Drawing Coordination ရှိမယ် Site Coordination ရှိမယ်ပေါ့ Drawing Coordination ဆိုတာကတော့ Drawing ပေါ်မှာပဲ မူတည်ပြီး Coordination လုပ်သလို Site Coordination ကတော့ Site Coordination ပဲဖြစ်ပါတယ်…

  1. Drawing Coordination
Drawing Coordination မလုပ်ခင် Consultant က Issue လုပ်လိုက်တဲ့ Drawings List တွေကို နားလည်အောင် အ၇င်လုပ်ရပါ့မယ် Drawing ဆိုသည်မှာ မိမိကိုယ်တိုင်က M&E သမားပဲမို့ M&E Drawings တွေ ကိုလေ့လာရမယ်ဆိုရင်တော့ မှားပါလိမ့်မယ် အဲဒီတော့ တစ်ခြား Drawings တွေကိုလဲ ယျေဘုယျအား ဖြင့်လေ့လာထားရပါ့မယ် တခြား Drawing တွေဆိုတာက Archi & Structure Drawings တွေပဲဖြစ်ပါတယ် မိမိက Drawing တစ်ခုကို ဖွင့်မကြည့်ခင် Drawing List ကို အရင် အကျွမ်းဝင်အောင် လေ့လာထားရပါ့မယ် ဥပမာ Archi Drawing ဆိုရင် သူ့ စီးရီးနဲ့ သူရှိပါတယ် ဘယ်စီးရီး က ဘယ် အပိုင်းနဲ့ သက်ဆိုင်သည်ပေါ့ ဒါကိုအရင်လေ့လာထားမှ နောက်တစ်ခါ ကိုယ်လိုခြင်တဲ့ ပုံကိုကြည့်ချင်တယ်ဆိုရင် အလွယ်လေးရှာလို့ရမှာပါ ကျနော်ကတော့ အရမ်းပျင်းသည့်အတွက် အမြဲတမ်း List မှာ မျက်မှောင်ကျုံ့ရင်းရှာနေရဆဲပါ…
Structural Drawing တွေမှာ ဘယ်အပိုင်းတွေကို လေ့လာထားရမလဲ ?
ကိုယ်တွေက M&E သမားဆိုတော့ Structure ကိုအရမ်းကြီးသိနေစရာမလိုပေမယ့် လေ့လာထားသင့်တာလေးတွေရှိပါတယ် အဆာက်အဦးစဆောက်တော့မယ်ဆိုရင် Bore Pile စလုပ်တယ်ပေါ့ အဲ့ကိစ္စတွေပြီးသွားရင် Pile Cap တွေစပြီး Casting လုပ်ပါတယ် ကိုယ်က ဘယ်ကစကြည့်ရမလဲဆိုရင် အဖြေပေါ်ပါပြီ Rebar ဘယ်နှစ်ချောင်းထည့်မလဲကအစ သွားလေ့လာစရာမလိုပါဘူး Pile cap Top level နဲ့ သူ့ရဲ့ Size ကိုသိထားရမယ် ဘာလို့လဲဆိုတော့ M&E မှာက Underground Services တွေက ပါဝင်လာပြီလေ မိမိ Services နဲ့ ဘယ်လို Relative ဖြစ်နေလဲဆိုတာစဉ်းစားရမယ် Underground Services တွေမှာ Sanitary Services တွေပါဝင်လာမယ် Underground Cable Services တွေပါဝင်လာပါမယ် ဒါဆိုရင်ရင် မိမိ Services နဲ့ Pile Cap နဲ့ ဘယ်လို Clashing ညှိနေလဲ ဆိုတာစဉ်းစားရမယ် များသောအားဖြင့် Sanitary Services နဲ့ ညှိတာများပါတယ် Sanitary Pipe ဆိုတာက Gradient နဲ့ သွားတာပါ တစ်နေရာကို ချိန်းရင် အားလုံးကိုပါ ပြန်ပြင်ရမှာ ဥပမာ Pile Cap တစ်ခုအပေါ်မှာ Sanitary Pipe Line က ဖြတ်နေပြီဆိုရင်.. ဖြတ်တယ်ဆိုတာ Pile Cap အလည်တည့်တည့်က ဖြတ်တာမဟုတ်ပါဘူး ကိုယ့် Services က Pile Cap အတွင်းကို 400mm လောက်ဝင်တယ်ပေါ့ (အကုန်ဖြတ်ရင်တာ့ Pile Cap သာနေရာရွှေ့လိုက်တော့ :) )ဒါဆို Coordination လုပ်ရတော့မယ် ဘယ်လိုအကောင်းဆုံးလုပ်မလဲပေါ့… ပထမဆုံးအနေနဲ့ ကျနော်တို့ Sanitary Line ကို Pile Cap နဲ့ လွတ်အောင်ရွှေ့မယ်ပေါ့ …အဖြေက မရဘူးပဲ ထွက်တယ်ဆိုရင် ဘာဆက်လုပ်မလဲ အရေးကြီးလာပါပြီ…မဖြစ်မနေပဲ ဖြတ်တော့မယ်ပေါ့ ဒါဆိုရင် Structure Engineer နဲ့ ညှိဖို့က လိုလာပြီ သူ့ဆီက Pile Cap Level တောင်းမယ် ကိုယ့် Level နဲ့ Check မယ်ပေါ့ ဥပမာ သူ့ Top Level က 109.00 ကိုယ့် Services က 108.90 ဒါဆို ကိုယ့် Services Level က Pile Cap အောက်ကို ရောက်နေပါပြီ ဒါဆိုရင် Structure သမားကို Request လုပ်ကြည့်မယ်ပေါ့… မင်းရဲ့ Pile Cap Level ကို နှိမ့်နိုင်မလာ…သူ့ Level က မိမိ Servies ထက်ပိုနိမ့်မှသာလျှင် အဆင်ပြေမယ်ပေါ့… ဒါဆိုရင် RFI တင်ပြီပေါ့ RFI ဆိုတာကတော့ Submission တစ်ခုပါပဲ Services တစ်ခုနဲ့ တစ်ခု Discrepancy တွေရှိလာပြီဆိုရင်တော့ RFI (Request For Information) တင်ရပါတယ် ဘယ်သူ့ကိုတင်ရမှာလဲ ? Consultant ကိုပါ Structure ကြောင့်ဖြစ်တယ်ဆိုရင်တော့ Structure consultant ကို မိမိ လိုချင်တဲ့အကြောင်းအရာကို ရေးပြီးတော့ Attached Drawing or sketch drawing နှင့်အတူ လိပ်မူပြီးတော့ တင်ရပါ့မယ် ပြီးတဲ့အခါ M&E & Architect Consultant ကိုပါ cc တင်ရပါ့မယ့် ပြီးတော့ မိမိ Project Team ကိုလဲ in the loop လုပ်ရပါ့မယ် ဒါဆိုရင် နောက်လာမယ် Technical Meeting မှာ ဒီအကြောင်းကို ဆွေးနွေးပါလိမ့်မယ်Technical Meeting ဆိုတာကတော့ Main Contractor ရယ် Consultants ရယ် စုပေါင်း Discuss လုပ်ကြတာပါ လိုအပ်ရင် မိမိ Sub Contractor ကိုလဲ ခေါ်ထားရပါ့မယ် စစ်ကူပေါ့..Consultants ဆိုတာကတော့ 3 parties ပါ Arhi, Sturcture & M&E Consultant ပေါ့ ဒါဆိုရင် ပထမက ကျနော်ပြောခဲ့တဲ့ Pile Cap အကြောင်း ခေါင်းချင်းဆိုင်ကြပြီပေါ့… မိမိ Request လုပ်ထားတာကို သူတို့ သုံးဦးက အတည်ပြုပေးလိုက်ပြီဆိုရင်တော့ အိုကေပြီပေါ့…ဒါဆိုရင် သူတို့ကနောက်ပိုင်းမှာ Construction Drawing တွေကို Update လုပ်ပြီး Issue ပြန်ထုတ်ပေးပါလိမ့်မယ် ဘယ်လိုပြောင်းသွားပြီပေါ့…ဒါတွေအားလုံးက Casting မလုပ်ခင်မှာ လုပ်ရမှာပါ Pile Cap Casting လုပ်ပြီးပြီးဆိုရင်တော့ မတက်နိုင်တော့ပါဘူး Design Change ဖို့သာရှိပါတော့တယ်…ထားပါတော့ ကျနော်တို့ Pile Cap Settle ဖြစ်သွားပြီဆိုပါဆို့ နောက်တစ်ဆင့်ဆို Ground Beam တွေစလောင်းတော့မယ် ဒါဆိုရင်တော့ ရှင်းပါတယ် Beam Drawing တွေ Detail Drawing တွေကို လေ့လာရတော့ပါ့မယ် သံချောင်းဘယ်နှစ်ချောင်းလဲ သွားလေ့လာစရာမလိုပါဘူး Beam size, Beam Height, Slab thickness, Structure Level (SL), Structure plan & Detail Section Drawing စသည်တို့ကို သိထားရမှာဖြစ်ပါတယ် ဥပမာ Ground Beam မှာ မိမိ M&E Pipe or cable services တစ်ခုခုဖြတ်တော့မယ်ဆိုရင် Structure Opening ပေးဖို့လိုအပ်မလား…လိုအပ်မယ်ဆိုရင် Opening size ဘယ်လောက်ထည့်မလဲ ဒါမှမဟုတ် Pipe Sleeve ထညိ့ပြီး Cast in လုပ်မှာလား ဘာပဲလုပ်လုပ် Penetration drawing prepare လုပ်ပြီး submission လုပ်ဖို့လိုအပ်လာပါပြီ..မိမိလိုချင်တဲ့ Opening size ရယ် ပြီးတော့ Cross Section ပုံရယ်ဆွဲပြီးတင်ပေးရမှာပါ Structural Plan Drawing မှာပဲ Indication လုပ်ပေးရမှာပါ အကွာအဝေးက ဘယ်ကနေ ဘယ်လောက် Height ကဘယ်လောက် စသည်ဖြင့် Penetration Drawing ထဲမှာ ထည့်ပေးရမှာပါ…ဥပမာ..Beam ရဲ့ အောက်ခြေနဲ့ ကပ်ပြီးတော့ Opening သွားမလုပ်နဲ့ပေါ့ သွားလုပ်ရင်တော့ ဟိုကဆဲမှာသေချာတယ် ဘာလို့လဲဆိုတော့ Concrete Cover က 50mm လောက်ရှိပါတယ် ကိုယ်ကသွားပြီး Beam ရဲ့အောက်ခြေကနေ 25mm လောက်ကနေစပြီး Opening စလုပ်မယ်ဆိုရင် တော့ Main Rebar တောင်ထည့်လို့ရမှာမဟုတ်ပါဘူး အဲဒီတော့ Beam အောက်ခြေကနေ လိုလိုပိုပို 100 or 150mm စသည်ဖြင့် (Based on Structure Detail) ထားရပါလိမ့်မယ်..ဒါလေးတွေလဲ သိထားဖို့လိုအပ်ပါတယ်…
အောက်မှာ ပုံလေးနှစ်ပုံ ထည့်ပေးထားပါတယ် တစ်ပုံက Pile Cap အတွက်ဖြစ်ပြီးတော့ ကျန်တစ်ပုံကတော့ Beam opening အတွက်ပါ...



အပိုင်း (၃) ကိုဒီမှာတင်ရပ်ခွင့်ပြုပါ ကျနော်က မှန်သမားဆိုတော့ အကြာကြီး အာရုံစိုက်ပြီးရေးဖို့က အလွန်ခက်ပါတယ်…တစ်ခုခုများလိုအပ်တာရှိခဲ့ရင် ကျနော့ရဲ့ အားနည်းချက်သာ ဖြစ်ပါကြောင်း….

Win Ko Min  

For Part 1>> Read Here
For Part 2>> Read Here  
For Part 4>> Read Here

No comments:

Post a Comment