Tuesday 25 December 2012

ACMV နဲ့ပတ်သက်လို့ အပိုင်း (၂)

       ကျနော် ဒီအပိုင်းလေးနဲ့ပတ်သက်လို့  Air Con အမျိုးအစားတွေဘယ်နှစ်မျိုး ရှိလဲဆိုတာကို မခွဲခြားခင်မှာ သူအလုပ်လုပ်ပုံလေးကို အကျဉ်းလေးဖြင့် ရှင်းပြလိုပါတယ် ကျနော်အရှင်းဆုံးပုံစံဖြင့်ပြောပြသွားပါ့မယ် ဘယ်လို Air conditioning မှာမဆို အဓိက အစိတ်ပိုင်းကြီး လေးပိုင်းပါဝင်ပါတယ် အဲဒီအစိတ်အပိုင်းမှာ Refrigerant ဆိုတဲ့ အေးစေနိုင်တဲ့ Gas ကို ဖြတ်ပြီးစီးဆင်းစေလိုက်ခြင်းအားဖြင့် Refrigerant Cycle ကိုဖြစ်ပေါ်စေပြီး အဲလိုကြိမ်ဖန်များစွား ဖြစ်ပေါ်စေခြင်းအားဖြင့် Room temperature ကို comfort ဖြစ်စေပါတယ် အဲဒီ cycle ဖြစ်ပေါ်စေနိုင်ဖို့အတွက် ပါဝင်တဲ့ အဓိက အစိတ်ပိုင်းကြီး လေးပိုင်းကတော့ ....

  1. Evaporator
  2. Compressor
  3. Condensor 
  4. Expansion Valve
တို့ပဲ ဖြစ်ပါတယ် ကျနော် အောက်မှာ ပုံလေးတွေနဲ့ပြပြီး အနည်းငယ် ပြောပြသွားမှာဖြစ်ပါတယ်....



           
   ပထမပုံကိုကြည့်ပါ Low Pressure side and high pressure side ဆိုပြီး နှစ်ပိုင်းပြထားတာတွေရပါလိမ့်မယ် အပြာရောင်လေးခြယ်ထားသည်က Low side ဖြစ်ပြီး အနီရောင်လေးနဲ့ခြယ်ထားသည့်အပိုင်းက High side ဖြစ်ပါတယ် Low side ဘက်မှာတော့ ကျနော်တို့ အိမ်ထဲမှာထည့်ထားတဲ့ Air con (Fan Coil Unit) လို့ခေါ်တဲ့ Evaporator တည်ရှိပြီးတော့ High side ဘက်မှာတော့ အိမ်အပြင်ဘက်မှာထားတဲ့ Condensing Unit (CU) ခေါ် Condensor တည်ရှိပါတယ် ကျန်တဲ့ နှစ်ခုဖြစ်တဲ့ Compressor နဲ့ Expension Valve တို့ကတော့ Low side နဲ့  High side ကို အကုးအပြောင်းလုပ်ပေးတဲ့ Pressure Changer နဲ့ Heat Changer လို့ သတ်မှတ်ပေးလို့ရပါတယ်ခင်ဗျာ....ဒါဆိုရင် အစဉ်တိုင်းသွားရအောင်ပေါ့.....
  1. Evaporator (or) Air con fan coil unit - သူကတော့ ကျနော်တို့ အိမ်ထဲမှာထားတဲ့ (အမှတ် ၃) ပုံမှာပြထားတဲ့ Internal Unit ဖြစ်ပါတယ်....သူ့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အပူတွေကိုစုပ်ပေးပြီး တော့ အေးမြအောင်လုပ်ပေးတဲ့ အရာပဲဖြစ်ပါတယ်.....ဘယ်လိုအပူတွေကိုစုပ်ပေးလဲ ဆိုတော့ Evaporator Coil ထဲမှာ အေးတဲ့ Gas (or) Refrigerant တွေကိုဖြတ်သန်းစီးဆင်းစေခြင်းအားဖြင့် အေးမြစေပါတယ် အဲလိုအေးမြဖို့  အဲဒိ internal unit ထဲမှာ blower  လို့ခေါ်တဲ့ Fan တစ်ခုလိုအပ်ပါတယ် သူကနေ အေးမြတဲ့ Evaporator coil ထဲက အေးမြတဲ့ Refrigerant တွေကို မှုတ်ထုတ်ပေးပါတယ် ....System အရပြောရမယ်ဆိုရင်တော့ ပုံ (၁) နဲ့ (၂) ကိုပြန်ကြည့်ပါ Expansion Valve ကနေထွက်လာတဲ့ Low pressure and cold temperature refrigerant liquid တွေက Evaporator coil ဆီကိုသွားနေတာတွေ့ရပါလိမ့်မယ် ဘာလို့  Low pressure ဖြစ်အောင်ထားရလဲ ဆိုရင် အပူစုပ်နိုင်မှုအားကောင်လို့ပါ ... အဲဒီ Low pressure and cold liquid တွေက Evaporator coil ထဲမှာ ဖြတ်သန်းစီးဆင်းသွားပြီးတော့  Blower ကနေ မှုတ်ထုတ်လိုက်မယ်ဆို အခန်းထဲကို အေးမြတဲ့ လေအေးတွေရောက်ရှိလာမှာဖြစ်ပါတယ် ဒါကို Supply Air လို့ခေါ်ပါတယ် လေအေးတွေကို ပို့ဆောင်ပေးတာပေါ့ အသွားရှိရင် အလာလဲ ရှိရမှာဖြစ်ပါတယ် ပို့ပြီးရင်ပြန်ရမယ်လေ လေအေးတွေကိုပို့ဆောင်ပေးလို့ အခန်းက အေးသွားပေမယ့် အခန်းထဲမှာရှိတဲ့ လေပူတွေကတော့ Internal Unit ထဲကိုပြန်လည်ဖြတ်သန်းစေပါတယ် အမှတ် (၃) ပုံကိုကြည့်ပါ Internal Unit ဆိုတဲ့ပုံမှာ အပြာေ၇ာင်နဲ့ အနီေ၇ာင်မြှားကိုတွေ့၇ပါ့မယ် အပြာေ၇ာင်ကတော့ supply air ဖြစ်ပြီးတော့ အနီရောင်ကတော့ return air ဖြစ်ပါတယ် ကျနော်တို့  air con ကိုကြည့်မယ်ဆိုရင် supply air ပဲရှိသလိုပဲထင်ရပါတယ် သူကမြင်လွယ်တယ်လေ ဘာလို့လဲဆိုတော့ supply ari ကို shutter လေးက အမြဲ swing လုပ်ပေးနေလို့ပေါ့ အဲတော့ return air ကဘယ်ကနေပြန်ဝင်လဲ ဆိုတော့ စက်ရဲ့ အပေါ်ပိုင်း ကနေပြန်ဝင်ပါတယ် အဲမှာဖွင့်ကြည့်လိုက်ရင် filter လေစစ်စကာတွေ တွေ့ရမှာဖြစ်ပါတယ်.... ဒါဆိုရင် return air လေပူတွေကို blower ကနေပြန်လည်စုပ်ယူပြီးတော့ evaporator coil ပေါ်မှာ ပြန်လည်ဖြတ်သန်းစီးဆင်းစေပါတယ် အဲတော့တော့ အေးမြတဲ့ evaporator coil ကနေ အပူတွေကိုစုပ်ယူသွားပါတယ် အဲလိုစုပ်ယူသွားတဲ့အခါမှာတော့ အေးမြတဲ့ liquid refrigerant တွေကနေပြီးတော့ နွေးတဲ့ အငွေ့ warm vapour gas အဖြစ်ကိုကူးပြောင်းသွားပါတယ် ပုံ (၁) နဲ့ (၂) ကိုပြန်ကြည့်ပါ ဒါဆိုရင် expension valve ကနေ အေးမြတဲ့ Cold and low pressure liquid တွေက evaporator ကိုဖြတ်ပြီးတော့  evaporator coil အထဲမှာ heat exchange လုပ်လိုက်ပြီဆိုတော့ evaporator ကအထွက်မှာ နွေးတဲ့ အငွေ့ warm  and low pressure gas အဖြစ်သို့ပြောင်းလဲသွားပါတယ် အဲဒီဖြစ်စဉ်မှာ low pressure အနေနဲ့ပဲသွားနေတာဖြစ်ပါတယ် ဒါကတော့ evaporator ရဲ့ လုပ်ငန်းစဉ်ပဲဖြစ်ပါတယ် ..... အလွယ်ဆုံး ဥပမာကိုပေးရမယ် ဆိုရင် အေးမြတဲ့ရေကို ဆူအောင် တည်လိုက်မယ်ဆိုရင် ရေခန်းပြီး အဲဒီရေတွေဟာ ပူတဲ့ အငွေ့ကို ပြောင်းလဲသွားတယ်ဆိုတာပါပဲ ......
  2. Compressor - သူကတော့ Low pressure ကနေပြီးတော့ High pressure ကိုပြောင်းလဲပေးတဲ့ အရာလို့ပြောလို့၇ပါတယ် တနည်းအားဖြင့် refrigerant cycle ဖြစ်အောင်ဖန်တီးတဲ့ အရာဖြစ်ပါတယ်..ဒါဆိုအပေါ်မှာကျနော်ပြောခဲ့တဲ့ evaporator ကနေထွက်လာတဲ့ warm and low pressure gas တွေက compressure ထဲမှာ ဖြတ်သန်းလိုက်တဲ့ အခါမှာတော့ compressor ကနေ High press ပြုလုပ်လိုက်တဲ့အခါမှာတော့ High temperature and high pressure gas အဖြစ်သို့ပြောင်းလဲသွားပါတယ် ပုံ (၁) နဲ့ (၂) ကိုကြည့်ပါ.... ဘာကြောင့် အဲလိုပြုလုပ်ရလဲဆိုတော့ အဲဒီကနေထွက်လာတဲ့ high temp and high pressure gas တွေကို Condenser coil ထဲမှာ Heat exchange ပြုလုပ်မှသာ gas stage ကနေ liquid stage ပြုလုပ်နိုင်ဖို့ အကောင်းဆုံးအခြေနေဖြစ်ပါတယ်...ဒါကတော့ Compressure ရဲ့စွမ်းဆောင်ရည်ပဲဖြစ်ပါတယ် Compressure ကိုတော့ CU (Condensing Unit ) ခေါ် Outdoor ထဲမှာထည့်ထားပါတယ်....
  3. အပေါ်မှာပြောခဲ့တဲ compressor ကနေထွက်လာတဲ့ High temp and high pressure gas အခြေအနေက မှာရှိတဲ့ gas တွေကို Condenser ထဲမှာဖြတ်သန်းစီးဆင်းစေမှာဖြစ်ပါတယ် ပုံ (၁) နဲ့ (၂)ကိုကြည့်ပါ အဲဒီ Conderser Unit မှာလဲ Fan တစ်ခုပါပါတယ် အဲဒီ fan ကနေ စောစောက စီးဆင်းလာတဲ့ high temp and high pressure gas တွေကို အအေးခံစေမှာဖြစ်ပါတယ် အဲလိုအအေးခံလိုက်တဲ့အခါမှာတော့ high temp and high pressure gas တွေက ပြင်ပလေအေးထုနဲ့ထိတွေ့လိုက်တဲ့အခါမှာတော့ gas stage ကနေ liquid stage ကိုပြောင်းလဲသွားပါတယ် ပြောရမယ်ဆိုရင်တော့ high temp and high pressure gas ကနေပြီးတော့ warm and high pressure liquid ကိုပြောင်းလဲသွားစေပါတယ် သူ့ကိုလေနဲ့ အအေးခံသည်ဖြစ်သည် အတွက်ကြောင့်  air cool conderser လို့ခေါ်ပါတယ်.... အရှင်းဆုံးဥပမာနဲ့ပြောရမယ်ဆိုရင်တော့ ပူနေတဲ့အငွေ့ထွက်နေတဲ့ နွားနို့တခွက်ကို လေနဲ့ မှုတ်ပေးမယ်ဆိုရင် အဲနွားနို့က အငွေ့ပျံမှုမရှိတော့ပဲ နွေးသွားမှာဖြစ်ပါတယ်....ဒါကတော့ condenser coil ရဲ့လုပ်ဆောင်ချက်ပါ အပေါ်ကပုံလေးတွေပြန်ကြည့်ပါ ရှင်းသွားပါလိမ့်မယ်......
  4. နောက်ဆုံးတစ်ခုကတော့ Compressor နဲ့ ဆန့်ကျင်ဘက်အလုပ်လုပ်တဲ့ Expansion Valve ဖြစ်ပါတယ် Expansion ဆိုတဲ့အတိုင်း High side ကနေ low side ဖြစ်အောင် Expand ပြုလုပ်ပေးပါတယ် သူကလဲ အဓိကကျပါတယ် ဘာလို့လဲဆိုတော့ Evaporator ထဲကို သွားရမဲ့ refrigerant မပာဏကို ကန့်သတ်ပေးခြင်းဖြင့် compressor ကို cut in or cut out ပြုလုပ်ပေးလို့ပါ...ပုံ (၁) နဲ့ (၂) ကိုပြန်ကြည့်ပါ Condersor Coil ကနေထွက်လာတဲ့ Warm and high pressure liquid ကို Expansion Valve ထဲမှာဖြတ်သန်းစီးဆင်းစေခြင်းအားဖြင့် expansion valve ကနေ expand ပြုလုပ်လိုက်တဲ့ အခါမှာတော့ warm temp and high pressure liquid ကနေ ပြီးတော့ cold and low pressure liquid အဆင့်သို့ပြောင်းလဲပေးမှာဖြစ်ပါတယ် အဲဒီ cold and low pressure liquid refrigerant တွေကို evaporator coil ထဲကိုဖြတ်သန်းစေခြင်းအားဖြင့် နောက်ထပ်တစ်ကြိမ် cycle အသစ်ပြန်စခြင်းဖြစ်ပါတယ်.....အဲဒီလို ကြိမ်ဖန်များစွာပြုလုပ်စေခြင်းဖြင့် ကောင်းမွန်တဲ့ refrigerant cycle သို့မဟုတ် ကောင်းမွန်တဲ့ လေအေးပေးစနစ်ကို ၇ရှိစေမှာဖြစ်ပါတယ် ..... ကဲဒါလေးကတော့ သူ့ရဲ့ အလုပ်လုပ်ပုံကို အနည်းငယ် ပြောပြသွားတာဖြစ်ပါတယ် .... ပြီးရင်တော့ Air conditioning မှာ ဘယ်လိုအမျိုးအစားတွေခွဲထားတယ်ဆိုတာ နောက်ထပ်ပို့စ် တစ်ခုအနေနဲ့ ထပ်ရေးပါ့မယ် ... အားလုံးပဲ လိုအင်တွေပြည့်စုံကြပါစေ .... စေတနာအားဖြင့်.....ကျောင်းရွာသား.....

ဆက်ဖတ်ရန်....

Wednesday 14 November 2012

ACMV နဲ့ ပတ်သတ်လို့ အပိုင်း (၁)


မနေ့က ကျနော် ပြောခဲ့တဲ့ M&E ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဘာတွေပါဝင်သလဲ လို့  ရေးသားအပြီးမှာတော့ ဒီနေ့တော့ အချိန် မရှိတရှိလေးမှာ နဲနဲလေးတော့ ရေးလိုက်ပါအုံးမယ်ခင်ဗျာ......
ACMV ဆိုတာကတော့ Air-Conditioning and Mechanical Ventilation ပဲဖြစ်ပါတယ် ဒီ ACMV system ကိုတော့ အများအားဖြင့် ပူအိုက်စွတ်စိုသော နိုင်ငံတွေမှာ အသုံးပြုပြီး အအေးပိုင်းဒေသတွေမှာတော့ HVAC (Heating, Ventilation and Air-Conditioning) ကိုအသုံးပြုပါတယ်....အပူပိုင်းဒေသတွေမှာတော့ အေးဖို့နဲ့ လေကောင်းလေသန့် ရဖို့ပဲဆိုတော့ ACMV system ကိုပဲ အသုံးပြုပါတယ်..... အဲဒါဆို Air-Con ကိုဘာကြောင့်တပ်သလဲ ဆိုရင်တော့ အဓိကတော့ အေးဖို့ပေါ့ဗျာ အေးချင်လို့ အဲကွန်းကိုတပ်တယ်ပေါ့ အမှန်တကယ်တော့ Air-Con ကိုတပ်ဆင်တယ်ဆိုတာက သက်တောင့်သက်သာ ရှိစေဖို့ပါ ဘယ်လိုတွေ သက်တောင့် သက်သာ ရှိနိုင်စေတယ် ဆိုတာ ကျွန်တော် အချက် လေးချက်နဲ့ ဖေါ်ပြပေးပါ့မယ်......ကဲ ကြည့်လိုက်ရအောင်လားဗျာ.....

ဆက်ဖတ်ရန်....

Tuesday 13 November 2012

M&E ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဘာတွေပါဝင်သလဲ...





ကျနော်လဲ ဒီဘလော့ လေးကကနေပျောက်နေတာ ကြာနေပြီ ပျောက်နေတာကလဲ အလုပ်ကလဲ ရှုပ် ပြီးတော့ တခြား ကိစ္စလေးတွေကလဲ ရှိနေပြန်တော့ မရေးဖြစ်တာပါ....ပြန်ရေးမယ်ဆိုတော့ မနည်းအားပြန်ယူနေ၇တယ် ဒါပေမယ့် ဒီဘလော့လေးကိုတော့ ကျနော် ဆက်လက်ပြီးေ၇းမှာပါ ......
ကျနော် အရှေ့မှာတင်ထားခဲ့တဲ့ ပို့စ်လေးကို ပြန်ဆက်ရအောင်ဗျာ ... တကယ်တော့ ဆောက်လုပ်ရေးလုပ် ငန်းတွေမှာ M&E ဆိုတာက အရမ်းကို အရေးကြီးပါတယ်.... အိုကေ ဒါဆိုကျနော်တို့ M&E ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဘာတွေပါဝင်သလဲဆိုတော့ ခေါင်းစဉ်လေးတွေချရေးကြည့်ကြရအောင်ဗျာ...
အဓိက ပါဝင်တဲ့ Services တွေကတော့.....
  1. Air-conditioning and Mechanical Ventilation ( air con နဲ့ mechanical ventilation ကဘာလို့ပေါင်းစပ်ထားလဲဆိုတော့ သူတို့ နှစ်ခု ကဆက်သွယ်မှုရှိနေလို့ပါပဲ ဒီက Air-con system တွေ များသောအားဖြင့် common area တွေမှာ air-conditioning စနစ်တွေမှာ လေသန့်စနစ် (Fresh air) တွေထည့်သွင်းထားလို့ပါပဲ )
  2. BAS (Building Automation System)..(ဒါကတော့ centralized control system တခုပါပဲ building မှာရှိတဲ့ M&E Service တွေကို DDC လို့ ခေါ်တဲ့ direct digital controller တွေနဲ့ software အကူညီကို ရယူပြီးတော့ computerized system တွေနဲ့ထိမ်းချုပ်ထားတာပါ )
  3. Electrical System (ဒါကတော့ အရေးပါတဲ့ Traditional system တခုဖြစ်ပါတယ် ဘယ်လို system ကိုပဲသုံးသုံး Electrical ရဲ့ အကူညီကို ရယူပါတယ် အဓိကတော့ Lighting system အတွက် ထောက်ပံ့ ပေးပါတယ်)
  4. Cooling Water System (ဒါကတော့ water supply နဲ့ပတ်သတ်တဲ့ အပိုင်းပါ အဆောက် အဦးတစ်ခုကို water system ကိုဘယ်လိုပေးမလဲ ပြီးတော့ water tank တွေ ဘယ်လို provide လုပ်မလဲ water pump system တွေဘယ်လို run မလဲပေါ့ )
  5. Sanitary Plumbing and Drainage System (ဒါကတော့ Plumbing system တွေနဲ့ Sanitary တွေ Drainage system တွေဘယ်လို run သလဲ ဆိုတာပေါ့ plumbing လို့ပြောလိုက်တာနဲ့ အကုန်ပါဝင်ပါတယ် supply ကနေပြီးတော့ ရေဆိုးတွေ ထုတ်တဲ့ အဆင့်ထိပါဝင်ပါတယ်)
  6. Fire Protection System (ဒါကတော့ နဲနဲကျယ်ပြန့်တယ် အဆာက်အအုံတစ်ခုမှာ ဒီ စနစ်က အ၇မ်းအရေးကြီးပါတယ် ပုံမှန်အားဖြင့်တော့ Dry Riser တွေ Wet riser တွေ ပြီးတော့ Sprinkler point system တွေ ဘယ်လို run သလဲ ဆိုတာတွေပါဝင်ပါတယ် အဆောက်အအုံတစ်ခုမှာ Fire Protection System တွေ ကြိမ်းသေ ပါဝင်ရမှာပါ)
  7. Network & Communication System (ဒါကတော့ Internet line တွေ ပြီးတော့ phone line တွေကို provide လုပ်တာဖြစ်ပါတယ် ဒီမှာကတော့ SingTel နဲ့ StarHub ဆိုတဲ့ Service Provider နှစ်ခုကတော့ နာမည်ကြီးပါတယ်)
  8. Lightning Protection (ဒါကလဲ ပါဝင်ရမှာပါပဲ မိုးကြိုးလွှဲ စနစ်ကတော့ safety system တစ်ခုပါပဲ လူ့အသက် အန္တရယ် မှကာကွယ်နိုင်သလို အခြား M&E system တွေကိုလဲ ကာကွယ်ပေးပါတယ်)
  9. Gas Service System (Condominium တွေမှာတော့ Gas service တွေကိုပဲအသုံးပြုပါတယ် သူ့အတွက် Riser တွေပေးရပါတယ် ပြီးတော့ ဘယ်လို သူ့ကို safety device တွေနဲ့ safe ဖြစ်အောင်ပြုလုပ်ထား၇မှာဖြစပါတယ်)
  10. Swimming Pool System (Condominium တွေမှာေ၇ကူးကန်တွေပါဝင်ပါတယ် ဒီစနစ်ကလဲ ရေတွေကို ဘယ်လို သန့်စင်မလဲ chlorine တွေဘယ်လိုသုံးမလဲ ဆိုတာပါဝင်ပါတယ်)
  11. Lift & Escalator System (ဒါကလဲ အထပ်မြင့် အဆောက်အအုံတွေအတွက်ပါဝင်ပါတယ် )
  12. Security System (ဒါကတော့ Security ပိုင်းနဲ့ ပတ်သတ်လို့ ပါဝင်ပါတယ် CCTV တွေနဲ့ Guard House တွေကနေ ဘယ်လို control လုပ်သလဲဆိုတာ ပါဝင်ပါတယ်)
  13. Green Mark (ဒါကတော့ Services အနေနဲ့ သီးသန့်တော့မဟုတ်ပါဘူး ဒါပေမယ့်သူကတော့ services တွေကို ဘယ်လို energy saving ပြုလုပ်ရမယ် ဆိုတာတွေကို Green Mark Project တွေမှာ ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်)
 ဒီ Services System တွေကတော့ Building System တွေမှာပါဝင်တဲ့ အဓိက အချက်တွေပဲ ဖြစ်ပါတယ်
ဒီ Service တစ်ခုချင်းစီကိုလဲ ကျနော် အသေးစိပ်ပြောပြပေးသွားမှာဖြစ်ပါတယ် M&E coordination ကတော့ အဓိကတော့ Design ဘက်ကိုဦးတည်နေတာထက် System ကိုဘယ်လို install လုပ်ရမယ် ဘယ်လို space တွေပေးရမလဲ ပေါ့ ဒါပေမယ့် system အကြောင်းကို သိထားရမှာပါ နောက်ထပ် ဖေါ်ပြမယ့် ပိုစ့်တွေမှာ စနစ် တခုချင်းစီ အကြောင်းတွေကို ဖေါ်ပြပေးသွားမှာဖြစ်ပါတယ် ပြီးတော့ M&E system နဲ့ဆက်စပ်မှုတွေရှိနေတဲ့ Structure အပိုင်းတွေ archi နဲ့သတ်ဆိုင်တဲ့ ceiling တွေဘယ်လို လုပ်သလဲဆိုတာ ဖေါ်ပြပေးသွားမှာပါ ခင်ဗျာ....ပြီးတော့ drawing နဲ့ပတ်သတ်တဲ့ အပိုင်းတွေ တွေကိုလဲ အချိန်ရရင်၇သလို ဖေါ်ပြပေးသွားမှာဖြစ်ပါတယ် ..... ကဲဒီနေ့တော့ ဒါလေးနဲ့ အစပျိုးလေးေ၇းပေးထားပါတယ် နောက်နေ့တွေများ အချိန်ရ၇င် ဆက်ေ၇းပေးပါ့မယ် အားလုံးပဲ ကိုယ်စိတ်နှလုံး ရွှင်ပြုံး ကြပါစေ..... ကျောင်းရွာသား.....

ဆက်ဖတ်ရန်....

Wednesday 17 October 2012

Construction M&E ဆိုတာ....

M&E ဆိုတာကတော့ အလွယ်ပြော၇င် Mechanical and Electrical ပါပဲ ဒါကတော့ လူတိုင်းမသိတာတောင်မှ Engineering နယ်ပယ်မှာ လုပ်ကိုင်နေတဲ့ သူတွေ အထူးသဖြင့် ဆောက်လုပ်ေ၇း လုပ်ငန်းခွင်မှာ လုပ်ကိုင်နေတဲ့သူတွေ ရင်းနှီးပြီးသား နာမည် တစ်ခုဖြစ်ပါတယ် မသိသေးတဲ့ သူအတွက်လဲ ကျွန်တော် သေချာ ရေးပြသွားမှာဖြစ်ပါတယ်.....M&E ဆိုတာကတော့ တည်ဆောက်ေ၇းလုပ်ငန်း အဆောက်အဦးသို့ စက်ရုံအလုပ်ရုံတို့ရဲ့ အတွင်းပိုင်း မှာထည့်သွင်း၇တယ့် Mechanical and Electrical Equipment တွေပဲဖြစ်ပါတယ်...ကျွန်တော်တို့တွေ တည်ဆောက်ရေး လုပ်ငန်းခွင်မှာ အသုံးပြုဖို့ဆို၇င်.... ဒီ M&E ဆိုတဲ့ အခန်း ကဏ္ဍ ဟာ မဖြစ်မနေပါဝင်ပါတယ် ခင်ဗျာ...ဥပမာ အားဖြင့် သင်္ဘောတည်ဆောက်ေ၇း လုပ်ငန်းတို့ စက်ရုံအလုပ်ရုံ လုပ်ငန်းတို့ဆို၇င် လည်း ဒီ M&E အခန်းကဏ္ဍ ဟာ
မဖြစ်မနေပါဝင်နေပြန်ပါတယ် ဒိထက်အရှင်းဆုံးပြော၇မယ်ဆို၇င် M&E ဆိုတာဟာ လူနေမှုအဆင့်တန်းအနေနဲ့ေ၇ာ လုံခြုံမှုအနေနဲ့ ပါ အများကြီးကို အထောက်အပံ့ ပေးနေပြန်ပါတယ် M&E ဆိုတာမရှိ၇င် မိမိ အိမ်အထဲမှာ ဘာပစ္စည်းမှ မရှိတဲ့ အိမ်ဟောင်းလောင်းပေါက် ကြီးနဲ့ တူပါတယ်....ဆိုတော့ ကျွန်တော်တို့ရဲ  M&E ကဏ္ဍဟာ အေ၇းပါ အ၇ာေ၇ာက်တဲ့ နေ၇ာကနေ အမြဲတမ်းပါဝင်နေမှာ ဖြစ်ပါတယ် 
ကျွန်တော်ကတော့ Building နဲ့ပတ်သတ်တဲ့ အခန်းကဏ္ဍ ကနေပြောပြ သွားမှာဖြစ်ပါတယ်....ကဲ ဒါလေးကတော့ အကြမ်းဖျင်း မိတ်ဆက်လေး ဖြစ်ပါတယ်....ကဲ M&E ဆိုတဲ့ ခေါင်းစဉ်မှာ မည်သည့်အရာတွေက ပါဝင်နေသလဲ ဆိုတာ ကျွန်တော် ရဲ့   နောက်ထပ်ပို့စ် တစ်ခုမှာ ဆက်လက်ဖေါ်ပြသွားမှာဖြစ်ပါတယ် .... အားလုံးရွှင်လန်းပါစေ ခင်ဗျာ.... အချိန်ကန့်သတ်ချက်နဲ့ရေး၇သည်မို့ .... အမှားများရှိခဲ့၇င် ခွင့်လွှတ် သည်းခံ ပြင်ဆင်ဖတ်ရှုပေးကြပါလို့ ကျွန်တော် ပြောကြားလိုပါတယ် ခင်ဗျာ....
ဆက်ဖတ်ရန်....

Sunday 14 October 2012

Site Organization and Planning နှင့်ပတ်သတ်လို့ (၂)

        ကဲအပိုင်း (၂) ကလေးဆက်လိုက်ကြ၇အောင်.. ကျွန်တော်အရှေ့မှာပြောခဲ့တဲ့ Project Characteristics တွေနဲ့ Project Life Cycle တွေကတော့ Project အတွက်မရှိမဖြစ်လိုအပ်တဲ့ Arrangement တွေပါပဲ...အဲဒါတွေပြီးသွားလို့ နောက်တခုအရေးကြီးတာကတော့ Project Policy ပါပဲ သူကိုတော့ Project ကိုအုပ်ချုပ်မဲ့ Project Manager တွေကပဲကိုင်တွယ်ပါတယ်.... Project Manager တွေကတော့ Owner တွေဘက်ကဖြစ်နိုင်သလို Main Contractor တွေဘက်ကဖြစ်နိုင်ပါတယ်
အောက်မှာ ပုံလေးပေးထားပါတယ်....
 ပေးထားတဲ့ပုံလေးမှာတော့ အဓိကလေးချက်ပါဝင်ပါတယ် ဒါတွေကလဲ Construction တခုစ၇င်
မဖြစ်မနေပါဝင်၇မှာဖြစ်ပါတယ် သူတို့တွေကတော့....
  1. Quality (တည်ဆောက်ေ၇းမှာပါဝင်မဲ့ ပစ္စည်းတွေအားလုံးဟာ ကောင်းမွန်ပြီးသက်ဆိုင်၇ာက ခွင့်ပြုချက်ရပြီးဖြစ်၇ပါ့မယ်)
  2. Delivery (ဒါကတော့ ပစ္စည်းပို့မယ့်အချိန်တွေ ပစ္စည်းထားသို၇မယ့်နေ၇ာတွေ ဒါတွေအားလုံးကို သေချာစွာထည့်သွင်းစဉ်းစား၇ပါ့မယ်)
  3. Safety (ဒါကတော့လုံးဝအေ၇းကြီးပါတယ် စင်ကာပူမှမဟုတ်ပါဘူး မည်သည့်နိုင်ငံမဆို အလေးပေးထားသင့်တာကတော့ လုပ်ငန်းခွင်အန္တ၇ယ်ကင်းရှင်းေ၇းပါပဲ Safety နဲ့ပတ်သတ်တဲ့ Activities တွေကို ပြုလုပ်ထား၇ပါ့မယ်)
  4. Environment (ဒါလဲအရေးကြီးပါတယ် တည်ဆောက်ေ၇းလုပ်ငန်းလုပ်တော့မယ်ဆို သန့်ရှင်းဖို့နဲ့ ဆူညံမှုမဖြစ်ဖို့ ပတ်ဝန်းကျင် လူနေအိမ်များကိုအနှောက်ယှက်မဖြစ်ဖို့ကိုထည့်သွင်းစဉ်းစားပေး၇ပါ့မယ်...NEA (National Environment Agency), PUB (Public Utilities Board), LTA (Land Transport Authorities ) တို့ရဲ့ လိုအပ်ချက်တွေနဲ့ကိုက်ညီ၇ပါ့မယ်....
နောက်တခုအရေးကြီးတဲ့အချက်တခု ပြောဖို့ ကျန်နေခဲ့ပါတယ် သူကတော့ Site Layout Planning နဲ့ပတ်သတ်လို့ပေါ့ သူကလဲ Project စဖို့ Planning ပြုလုပ်တဲ့အချိန်မှာ ထည့်သွင်းစဉ်းစား၇မှာ
ဖြစ်ပါတယ်...အရေးကြီးတဲ့ Factors တွေကိုကျွန်တော် အောက်မှာ ဖော်ပြပေးသွားမှာပါ...
  1. Location of Entry and Exit (Site မစတင်ခင်မှာပဲ ဒါတွေကိုရွေးချယ်၇မှာပါ ဥပမာ Material  Delivery လုပ်မယ့် အဝင်ထွက်နေ၇ာတွေကအစပေါ့)
  2. Location of existing and planed services (Site မစခင်မှာပဲ အ၇င်ထဲကတည်ရှိနေတဲ့ Services တွေကို စစ်ဆေးထား၇ပါ့မယ် ဥပမာေ၇မြောင်းတို့ ဘာတို့ပေါ့ တချို့ကြတော့လဲ လက်ကျန်အဆောက်အုံအဟောင်းရဲ့ စပ်ဆက်နေတဲ့ underground services တွေပေါ့)
  3. Security and Public Protection (ဒါကတော့ရှင်းပါတယ် ကာကွယ်မှုတွေပါ)
  4. Site Topography (မြေမျက်နာသွင်ပြင်ပေါ့ Soil Test တွေလုပ်၇ပါ့မယ် ဘယ်လို Pile မျိုးကိုအသုံးပြု၇မယ်ပေါ့ ... Pile နှင့်ပတ်သတ်လို့ ကျနော် Structural အနေနှင့် နောက်များမှ ပို့စ်တခုတင်မှာပါ)
  5. Size , Location of Size, Building Design ( ဒါတွေကတော့ Architect နှင့်သတ်ဆိုင်မှုတွေပါ Construction Site အရွယ်အစား တည်နေ၇ာ ဒီဇိုင်းတွေတွေပေါ့)
  6. Construction Method (ဒါကတော့လဲ ဘယ်လို Program တွေနဲ့ဘယ်လို Construction Site ကိုပြုလုပ်မလဲဆိုတာကို ထည့်သွင်းစဉ်းစားပေးမှာဖြစ်တယ်)
  7. Plant, Equipment types and Limitation ( ဒါကတော့ Architect ကသတ်မှတ်ထားတဲ့ အဆောက်အဦးမှာ မိမိတို့ထည့်သွင်းမဲ့ ပစ္စည်းပေါ့ ဥပမာ Transformer Room ဆို၇င်လဲ Archi ကသတ်မှတ်ထားတဲ့ဘောင်အတွင်း Transformer ကို access ပြုလုပ်နိုင်၇ပါ့မယ် Carpark တွေမှာဆို၇င်လဲပဲ Exhaust Fan တွေက သတ်မှတ်ထားတဲ့ Head room (Limitation of Height ဥပမာ ... ကားထားတဲ့နေ၇ာ (သို့) Drive way (ကားသွားတဲ့နေရာ) တွေမှာ အမြင့်က ဘယ်လောက်ရှိ၇မယ်ပေါ့ အမြင့်ဆိုတာက ကြမ်းပြင်နဲ့ အပေါ် Slab အထိပေါ့ ကားဝင်ထွက်လုပ်လို့၇မယ့်အခြေနေ ပေါ့) ဒါတွေကိုသတ်မှတ်ထား၇ပါတယ်
  8.  Beside MRT (Mass Rapid Transit) Structure (စင်ကပူမီး၇ထားလမ်းနဲ့ဘယ်လောက်ကွာ၇မယ်ပေါ့ စသဖြင့်)
  9. Other Contract Requirement (ဥပမာ Show Flat (သူကတော့ ဝယ်သူတွေကိုပြသ၇မယ့်အခန်းပုံစံပါ ကွန်ဒိုတွေမှာပါဝင်မယ့်အခန်းပုံစံအတိုင်း တခန်းကိုနမူနာ အားလုံးအပြည့်စုံတည်ဆောက်ပြီး ပြသထားတဲ့ နေ၇ာပါ)
  10. Meeting with Authority Requirements (ဒါကတော့ သက်ဆိုင်၇ာရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီနေရပါ့မယ်) 
ဒါတွေအားလုံးဟာ သူ့နေ၇ာနဲ့သူ အဆက်ဆက်မိနေတဲ့သဘောတွေပါ.....
နောက်တခုကတော့ Construction Method နှင့်ပတ်သတ်လို့ Program နှစ်ခုရှိပါတယ် သူတို့ကတော့
  1. Master Construction Programme (MCP)
  2. Detailed Construction Progrmme (DCP)
1. Master Construction Programme (MCP)
    သူကတော့ ဆရာကြီးပေါ့ သူ့ပြီးမှ Detailed ကလာတာလေ Master ဆိုတဲ့အတိုင်းအချုပ်ပေါ့ Contractors တွေရဲ့ Scope of work တွေ ပြီးတော့, ပြုလုပ်ထားတဲ့ Consultant ဒီဇိုင်းတွေပေါ့
အားလုံးက Authority တွေရဲ့ Requirement တွေနဲ့ပြည့်စုံ၇ပါ့မယ်...သူ့မှာပါဝင်တဲ့ Main Elements တွေကတော့...
  • Contract Commencement Date (စတင်၇မဲ့၇က်)
  • Design Completion Deadlines (ဒီဇိုင်းနဲ့ပတ်သက်လို့ ပြီးစီး၇က်)
  • Approval / permit date (approval နဲ့ ခွင့်ပြုချက်၇ယူ၇မယ့် date တွေ)
  • Submission Deadlines (materials , drawing submission ပြုလုပ်၇မယ့် date တွေ)
  • Production Lead Time (Project အတွက် အသုံးပြု၇မယ် ပစ္စည်း အော်ဒါမှာမှု ထုတ်လုပ်မှုတွေ)
  • Overall Construction Duration (ကြာချိန်တွေ)
  • Testing and Commissioning (စစ်ဆေး၇မှာတွေ)
  • Authority Inspections and Approval (သက်ဆိုင်၇ာ တွေရဲ့စစ်ဆေးမှုတွေ ဥပမာ BCA , RI (Registered Inspector), RTO (Resident Technical Officer ) စသဖြင့်တို့ရဲ့ စစ်ဆေးမှုတွေပေါ့
  • Contract Completion Date (စာချုပ်သက်တမ်းကုန်လို့ Handover လုပ်၇မှာတွေ)
စသဖြင့်ပါဝင်ကြပါတယ်....

1. Detailed Construction Programme
      သူကတော့ Master Programme ကိုအခြေခံထားပြီးတော့ ပြင်ဆင်၇တာပါ ...အဓိကတော့ Sub contractors တွေ ကနေပြင်ဆင်၇မယ့် သဘောတ၇ားပါပဲ အဲဒိ sub contractor တွေကပဲ ဒီ Programme ကိုပြင်ဆင်ခွင့်ရှိပါတယ် ပြီး၇င်တော့ Project Manager ကနေ့ approval ပေး၇ပါတယ် ပြီး၇င် Master programme ထဲကို incorporate ပြုလုပ်၇ပါတယ် ခင်ဗျာ ကဲသူ့မှာပါဝင်တဲ့ key features လေးတွေရှပါတယ်ခင်ဗျာ ကြည့်လိုက်ပါအုံး....
  • Production and Delivery lead times (သတ်မှတ်ချက်တွေ)
  • Installation and Execution Duration (သတ်မှတ်ချက်တွေ)
  • Testing and Commissioning Duration (သတ်မှတ်ချက်တွေ)
  • All task Dependencies and Linkages (သတ်ဆိုင်ရာလုပ်ငန်းအားလုံးရဲ့ဆက်နွယ်မှီခိုမှုတွေ)
  • Resources Allocation (သက်ဆိုင်၇ာဆက်နွယ်မှု တွေ ခန့်ခွဲမှုတွေ) 
စသဖြင့် အားလုံးပါဝင်ကြပါတယ်.......ခြှုံကြည့်၇မယ်ဆို၇င်တော့ MCP နဲ့ DCP တွေကတော့ Project Life Cycle နဲ့ပတ်သတ်နွယ်ဝင်နေပါတယ် Life cycle ကတော့ အားလုံးရဲ့ Overview ပုံစံအနေနဲ့ပေါ့......
ပြီးတော့ကျွန်တော် Site Organization Chat လေးနှင့် ၂ ခုကို အောက်မှာဖေါ်ပြပေးထားပါတယ် ကြည့်လိုက်တာနဲ့သိသွားမှာပါ ....

Site Organization Chart NO 1



Legend:
M&E= Mechanical and ELectrical 
C&S = Civil and Structure
QS= Quantity Surveyor
ဒီ ပုံလေးက လင့်လေးကိုကြည့်ရုံမျှဖြင့် နားလည်မယ်လို့တော့ထင်ပါတယ်ခင်ဗျာ....
နောက်ထပ်တစ်ပုံကတော့.....

Site Organization Chart NO 2
သူကတော့ Main Contractor ကနေတဆင့် ပြန်ပြီးစီမံခန့်ခွဲမှုပုံစံလေးပါ ခင်ဗျာ....

ကဲဒီလောက်ဆိုလဲ Site Organization နဲ့ပတ်သတ်လို့တော့ တော်တော်လေးလဲေ၇းမိလောက်ပါပြီ....
အားလုံးက ကျွန်တော်သိသလောက်လေးပါ အမှားများပါ၇င်လဲ ပြင်ဆင်ပေးလို့၇ပါတယ် ဒီစာတွေကိုတော့ ကျွန်တော်သင်ခဲ့တဲ့ သိခဲ့တဲ့ မှတ်သားထားဖူးတဲ့ စာတွေကိုပဲအခြေခံေ၇းထားတာပါ ခင်ဗျာ........အားလုံးပဲ ပျော်ရွှင်ပါစေ .....



ဆက်ဖတ်ရန်....

Site Organization and Planning နှင့်ပတ်သတ်လို့ (၁)

        ကျွန်တော်မနေ့ကပြောသွားတာကတော့ Construction Site ဘယ်လိုစတင်သလဲဆိုတဲ့ အခြေခံလေးနဲ့ပတ်သတ်လို့ပြောပြပြီးဖြစ်ပါတယ်..ဒီပို့စ်လေးမှာပြောချင်တာကတော့ ဒီ Construction Site နဲ့ပတ်သတ်လို့ စီစဉ်မှု Arrangement တွေနဲ့ပတ်သတ်လို့ Site Organization ဆိုတာလေးကိုသိသလောက် ကျွန်တော်ရေးသားသွားမှာဖြစ်ပါတယ်...ဒီတော့ Construction Site နဲ့ပတ်သတ်လို့ ....အ၇င်ဆုံး Site ကိုဘယ်လို ပုံစံ သတ်မှတ်ပြီး ဘယ်လိုပုံစံ ပြုလုပ်ဖို့၇ာ Schedule တွေေ၇းဆွဲ၇ပါမယ်...သူ့ရဲ့ Characteristics သွင်ပြင်တွေကိုသတ်မှတ်ပေး၇ပါတယ်...
  1. A unique set of co-ordinate activities (Project မစခင်မှာ တိကျသေချာတဲ့ ညှိနိုင်းဆောင်ရွက်မှု ဆွေးနွေးမှုများကိုပြုလုပ်၇ပါတယ် ပြီးသွား၇င်တော့ သက်ဆိုင်၇ာရဲ့ Approval ကိုယူ၇ပါတယ်)
  2. Definite Starting and Finishing point (Project မစခင်မှာ တိကျသေချာတဲ့ Construction starting date တွေ၇ယ် Completion Date တွေ၇ယ်ကို သတ်မှတ်ပေး၇ပါတယ် ဘယ်နေ့ဘယ်အချိန်ကစလို့ ဘယ်အချိန်မှာ အပြီးသတ်မလဲပေါ့ ဒါကလဲအေ၇းကြီးတဲ့အချက်ထဲမှာပါဝင်ပါတယ်)
  3. Undertaken by an individual or organization (Project မစခင်မှာ သေချာတဲ့ တာဝန်ယူဆောင်ရွက်မယ့် အဖွဲအစည်း သို့ သီးခြား အဖွဲ့တခုခုကနေပြီးတော့ သူတို့ဘာတွေကိုတာဝန်ယူဆောင်ရွက်၇မှာတွေကို သတ်မှတ်၇ပါတယ် Approval တွေယူ၇ပါတယ်)
  4. To meet specific objectives within defined schedule (Project ကာလအတွင်းမှာ သတ်မှတ်ထားတဲ့ Approved ဖြစ်ထားတဲ့ အစီအစဉ် Schedule အတိုင်း လိုက်နာဆောင်ရွက်၇ပါမယ် ပြော၇၇င်တော့ အားလုံးက သူ့အစီအစဉ်အတိုင်းကိုလိုက်နာဆောင်ရွက်၇မှာဖြစ်ပါတယ်)
  5. Cost and Performance Parameters ( Project ကာလအတွင်းနဲ့ Project ပြီးဆုံးသည်အထိ Project Cost (ကုန်ကျမည့်တန်ဖို့း မည်သို့မျှ) နဲ့ သူတို့ရဲ့ စွမ်းဆောင်နိုင်မှု Performance တွေကို သူတို့ရဲ့ ကန့်သတ်ထားသော ဒါမှမဟုတ် Contract စာချုပ်အတိုင်းကို ကြီးကြပ်၇မှာပါ)
ဒီအချက်လေးတွေကတော့ သူ့အစီအစဉ်တိုင်းပြုလုပ်၇မယ့် သဘောတရား သွင်ပြင် လက္ခဏာတွေပါပဲခင်ဗျာ.....
      နောက်တခု အရေးကြီးတဲ့အချက်ကတော့ Project Life Cycle လို့ခေါ်တဲ့ Project ကိုဘယ်လိုအစီစဉ်တွေနဲ့ Run သွားမလဲပေါ့ ဒါတွေကိုလည်းသတ်မှတ်ပြီးသားဖြစ်၇ပါမယ် ... Project life cycle မှာဘယ်လိုအစီအစဉ်တွေပါဝင်၇မလဲဆိုတာကိုတော့ ကျွန်တော်အကြမ်းဖျင်း လေးပြောပြပါ့မယ်...
  1. Concept and Basic Idea (Project ကိုဘယ်လိုလုပ်လိုက်ရင်ကောင်းမလဲ စသဖြင့်အခြေခံ Idea လေးတွေကိုပါ ထည့်သွင်းစဉ်းစားပေး၇ပါတယ်)
  2. Market demands and perceived needs (ဈေကွက်အခြေနေလိုအပ်ချက်နဲ့လိုအပ်ချက်တွေကိုလေ့လာ၇ပါမယ်)
  3. Establishes goals and Estimate of resources needed (Project ကိုဘယ်လိုကောင်းအောင်အပြီးသတ်မလဲဆိုတဲ့ ရည်မှန်းချက် တွေကိုလဲ အခြေခိုင်အောင် သတ်မှတ်၇ပါမယ် ပြီးတော့ ဘယ်လိုမျိုး Resources (လူအင်အား အ၇င်းအမြစ် နဲ့ ကုန်ပစ္စည်း) စသည်တို့ကို လည်းအကြမ်းဖျင်းသတ်မှတ်ထားပါတယ်)
  4. Feasibility,Test for Commercial, Financial and Technical viability ( ဒါတော့ Project ရဲ့အကျိုးအမြတ် ငွေေ၇းကြေးေ၇းဆိုင်၇ာ နည်းပညာပိုင်းဆိုင်၇ာတွေကို ထည့်သွင်းစဉ်းစား၇မှာဖြစ်ပါတယ်) 
  5. Evaluation and application for funds, stating risks (Project ၇န်ပုံငွေနဲ့ပတ်သတ်တာတွေကို ဘယ်လိုအသုံးပြုမလဲဆိုတာ စဉ်းစား၇ပါမယ် ပြီးတော့ဘယ်လိုမျိုး Defect တွေဖြစ်လာနိုင်သလဲ ဒါတွေကိုလည်းစဉ်းစားပေး၇ပါမယ်)
  6. Authorization and Conditions attached (ဒါကတော့ ဘာပဲလုပ်လုပ် သက်ဆိုင်၇ာ authority တွေရဲ့ condition တွေကိုဘယ်လိုလိုက်နာ၇မလဲဆိုတာတွေကိုထည့်သွင်းစဉ်းစားပေး၇ပါမယ်)
  7. Implementation design and procurement (Project ကာလအတွင်း Approved ဖြစ်ထားတဲ့ Design တွေနဲ့ ဘယ်လိုပြီးစီးအောင်ဆောင်ရွက်၇မယ်ဆိုတာတွေပါ ထည့်သွင်းစဉ်းစား၇မှာဖြစ်ပါတယ်)
  8. Control and Accountability-review and updates (ဒါကတော့ Project ရဲ့ ပြီးစီးတဲ့အခြေအနေတွေ ဘယ်နေ၇ာမှာ additional လုပ်တာတွေကို အမြဲတမ်း control လုပ်၇မယ် update လုပ်ပေး၇ပါမယ်)
  9. Completion and Handover (Project ၇ဲ့ ပြီးဆုံးမယ် အခြေနေတွေ၇ယ် ဘယ်အချိန်မှာပိုင်ရှင်ကို  လွဲပြောင်းပေး၇မယ် လွဲပြောင်းပေး၇င်ဘယ်လိုအခြေနေမျိုး မည်သည့် စာ၇ွက်စာတမ်း စသဖြင့်ကိုထည့်သွင်းစဉ်းစားပေး၇ပါမယ်)
  10. Operation-revenue planning and control procedure (လွဲပြောင်းပြီးအခြေနေမှာ နောက်ပိုင်း ဘယ်လို ထိမ်းသိန်း၇မယ် Services တွေပေး၇မယ်ကအစ ငွေေ၇းကြေးေ၇းတွေဘယ်လို contract ပြုလုပ်ထားတယ် ဘယ်လိုအစီအစဉ် တွေနဲ့ ဘယ်လိုထိမ်းချုပ်၇မယ်ကို ပါ စဉ်းစားပေး၇ပါမယ်)
  11. Disposal of residual assets (ဒါကတော့နောက်ဆုံးအခြေအနေပေါ့  အရှုပ်အရှင်းတွေကို ဘယ်လိုကိုင်တွယ်ဖြေရင်း၇မလဲဆိုတာပေါ့)


ဒီပုံလေးကတော့ Project Life Cycle လေးနဲ့ပတ်သတ်လို့ အကျဉ်းလေးဖေါ်ပြထားတာပါ




ဒါကတော့နောက်ထပ်ကြည့်၇လွယ်တဲ့ chart လေးပါ....
ကဲဒီပို့စ်လေးကတော့ဒီလောက်ပါပဲ နောက်မှ အပိုင်း ၂ ကိုဆက်မယ်နော် ... အားလုံးပြုံးပျော်ရွှင်နိုင်ပါစေ...
ဆက်ဖတ်ရန်....